💔💔 Finle

685 67 52
                                        

Zawgyi

အချိန်နာရီတွေကို ရက်တွေကတိုက်စားပြီး ၊ ရက်တွေကို လတွေကိုတိုက်စားကာ ၊ လတွေကို နှစ်တွေက တိုက်စားလို့ တစ်နှစ်ပြီးတနှစ်ပြောင်းခဲ့တယ် ။
ကိုယ်လဲ ဆေးရုံးက ဆင်းပြီးထဲက အလုပ်တွေကို အစကိုနေပြန်လုပ်ပြီး ဘ၀သစ်တခုကို တည်ဆောက်ခဲ့တယ် ။ အဲ့ဒီဘ၀သစ်လေးမှာ မင်းလေး ရှိမနေခဲ့ဘူး Seok .......
အရာအားလုံးပြောင်းလဲခဲ့ပေမဲ့ ကိုယ့်မပြောင်းလဲပဲ ပြုလုပ်နေသည့် အရာလေးတွေရှိတယ် Seok ......

ကိုယ့်တို့နှစ်ယောက်ရဲ့ Anni လေးရောက်တိုင်း လိုအပ်နေတဲ့ နေရာလေးတွေမှာ ကိုယ့်နဲ့ Seok ရဲ့နာမည်ပေါင်းပြီးအလှူ တန်းတွေလုပ်တယ် ။
ဟောင်းနွမ်းနေပေမဲ့လဲ Seok နဲ့ ကျွန်တော်ရဲ့ ပထမဆုံးသော Anni Day မှာ ၀တ်ခဲ့တဲ့ couple Tshirt
အဖြူ လေးကို ၀တ်တယ် ။
အလှူ တန်းတွေလုပ်ပြီးနောက် အိမ်ပြန်လာပြီး anni day ကို တယောက်ထဲ ကျင်းပကာ ဖြတ်သန်းတယ် ။
အားလုံးက ကိုယ့်ကိုရူးနေတယ်လို့ ထင်ကြပေမဲ့ တကယ်တော့ ကိုယ်ရူးနေတာမဟုတ်ပဲ အပြစ်တွေ ခံယူနေတာပါ ။
ကိုယ့်တခါတလေတော့လဲ ရူးသွပ်ချင်နေမိပေမဲ့လဲ အသိစိတ်လေးမပျောက်အောင်ကြိုးစားထိန်းတယ် ၊ ဘာလို့လဲဆို့ရင် ကိုယ့်အသိစိတ်ပျောက်လို့ Seok အပေါ် လုပ်ခဲ့တဲ့ အမှားတွေ မေ့ပျောက်သွားမှာဆိုးတယ် ။
အရင်က Seok မျှော်လင့်ခဲ့သလို့ မဖြစ်လာခဲ့တဲ့ anni day လေးကို ပြန်ပေးဆပ်နေတယ် Seok .......
anni cake လေးခွဲပြီးရင် အခန်းတောင့်လေး တနေရာမှာ Seok ရဲ့ပုံလေးကို ပွေ့ဖက်ထားတယ် ~ တခါတလေဆိုရင်တော့ စကားတွေပြောတယ် ။
ကိုယ့်ကသာ Seok ကို စကားအများကြီးပြောနေတာ Seok က ကိုယ့်ကို စကားလေးတခွန်းတိုင်းမပြောဘူး ။ နောက်ပြီး ကိုယ့်မျက်ရည်ကျတော့လဲ Seok က အမြဲအပြုံးပြမြဲ ပြုံးပြနေခဲ့တာ ။

မျက်ရည်တွေက အဖော်ပြုပေးနေပေမဲ့လဲ ကိုယ့်အရမ်းအထီးကျန်တာပဲ Seok ရယ် ။
ကိုယ်နွေ့နွေးနွေးလေးကို ခံစားပြီး စွဲလမ်းရတဲ့ ချိုအိအိ ကိုယ့်သင်းနံလေးကို လွမ်းမိတယ် ။ 
ခန္ဓာကိုယ့်ငယ်လေးကို ရင်ခွင့်ထဲ ထည့်ပြီး အတင်းကျပ်ပွေ့ဖက်ခွင့်မရှိတော့တဲ့ ဘ၀က နာကျင်တယ် Seok .....
မက်မောစွာ နမ်းရှိုက်ချင်ပါသော်လည်း ပုံရိပ်လေးတွေသာ ရှိတဲ့ နှုတ်ခမ်းပါးလေးကို နမ်းရှိုက်နေရတာ ပင်ပန်းတယ် ။

မဆုံပါရစေနဲ့တော့  Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }Nơi câu chuyện tồn tại. Hãy khám phá bây giờ