Zawgyi
တဖြည်းဖြည်းကုန်ဆုံးစပြုလာတဲ့ နေ့ရက်တွေ ။
Joon ကတော့ ကျွန်တော် မပြောင်းလဲသွားပေ အရင်အတိုင်းပွေရှုပ်နေတုန်း ။ အစကတည်းက Joon ဟာ ကျွန်တော်ကို တကယ်ပဲ မချစ်ခဲ့တာလား ? ဒါမှ မဟုတ် Joon လိုအပ်တဲ့ သာယာမူတွေ မပေးနိုင်ခဲ့လို့များလား ? ကျွန်တော် အတတ်နိုင်ဆုံး Joon အပေါ်ကို သာယာမူပေးနိုင်အောင်ကြိုးစားပေးခဲ့တာပဲလေ ဒါမှမဟုတ် ကျွန်တော်ပေးတဲ့ သာယာမူက သူ့အတွက်မလုံလောက်ခဲ့လို့များလား ?
မေးခွန်းပေါင်းစုံတို့က ကိုယ့်ကို နာကျင်အောင်လုပ်နေသည် ။ကုန်ဆုံးစပြုလာတဲ့ အချိန်တွေအတွင်းမှာ ကျွန်တော်ရဲ့ ရောဂါဟာလည်းဆိုးသထက်ကို ပို၍ဆိုးလာသည့်မို့ အခုဆို့ အပြင်ကရုပ်ပိုင်းဆိုင်ရာကိုပါ လာထိခိုက်နေပြီဆို့တော့ ကြည့်ရတာ ကြာကြာမနေရတော့ဘူးထင်တယ်။
Joon ကသာ ကျွန်တော်ခံစားနေရတာကို မျက်ကွယ်ပြုနိုင်တာ သေမင်းကတော့ ကြာကြာမျက်ကွယ်မပြုနိုင်တော့လို့ ထင်ပါရဲ့ ။" Hoseok ..... မင်းနေကောင်းရဲ့လား ?"
အပြင်သွားသို့သွားဖို့ ပြင်ဆင်နေတဲ့ Joon က သူ့ရဲ့ ခရမ်းနက်ရောင်ပြေပြေလေးဘက်သွားတဲ့ ဆံပင်တွေကို သပ်တင်ရင်းမေးလာသည်
" နေကောင်းပါတယ် Joon ရဲ့ ~ ဘာများဖြစ်နေလို့လဲ ? "
" မင်းရုပ်မင်း မှန်ထဲပြန်ကြည့်သင့်တယ် Hoseok ...... မျက်နှာက သွေးမရှိတဲ့လူလို့ ဖြူ ဖျော့ပြီး မျက်ကွင်းတွေကလဲ ညို့လို့ ပန်ဒါတောင် အဖေခေါ်ရတယ် လူကလဲ ပိန်ကပ်နေတာ အရိုးပဲကျန်တော့တယ် "
" အဲ့လို့ဆို့တော့ Joon က ကျွန်တော်ကို မချစ်တော့ဘူးပေါ့လေ ? "
ရွှတ်နောက်နောက်မေးလိုက်တဲ့ မေးခွန်းပေမဲ့ ကျွန်တော် မျှော်လင့်မိတယ် Joon ..... " ချစ်ပါတယ် " လို့ ။ ဟန်ဆောင်ပြီးတော့လဲ ဖြစ်တယ် Joon စိတ်ထဲပါနေစရာမလို့ဘူး ။
" ••••••• "
Joon နှုတ်ဆိတ်နေခဲ့တယ် ။
ကျွန်တော်ရဲ့ စနောက်ပြီး မေးလိုက်တဲ့ မေးခွန်းကတောင် Joon အတွက်ဖြေစရာအဖြေမရှိဖြစ်နေခဲ့တာလား ?
ဟန်ဆောင်ပြီးတောင် မဖြေပေးနိုင်ဘူးပေါ့လေ Joon .....
![](https://img.wattpad.com/cover/291511746-288-k243453.jpg)
STAI LEGGENDO
မဆုံပါရစေနဲ့တော့ Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }
Fanfictionနောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 .... နောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 ....