💔💔

440 64 8
                                    

Zawgyi

ကိတ်မုန့်လေးရယ် အစားသောက်တချို့လေးနဲ့ မက်ဂျူ နှစ်ဘူးကိုပြင်ကာ အသင့်စောင့်နေလိုက်တယ် ။
ဝတ်ထားတဲ့ အကျီ င်္က အနည်းငယ်ဟောင်းနွမ်းနေပြီးဖြစ်တဲ့ Joon နဲ့ ကျွန်တော်ရဲ့ couple Tshirt လေး ။
Anni Day က ကောင်မလေးမွေးနေ့ကို အတူဖြတ်သန်းပြီး ပြန်လာမဲ့ ချစ်ရသူ့ကို စောင့်နေရတာက နှလုံးသားကို အစိမ်းလိုက်ခွဲပြီး အပ်သေးသေးလေးနဲ့ လာထိုးစွပြီး ဆားဖြင့် သိပ်ထည့်နေသလို့ တဆစ်ဆစ်နဲ့နာကျင်ပြီး ပြောပြမတတ်ပေ ။

စောင့်နေခဲ့တယ် ညနေ ခြောက်နာရီလောက်ကနေ အခု ရှစ်နာရီထိုးခဲ့ပြီး Joon မပြန်လာသေးပါ

" at 8:30 PM "

" at 9:30 PM"

" at 10:30 PM "

" at  11 : 30 PM "

ညနက်လာလေ တိတ်ဆိတ်မူကို ပို၍ပင်ကြီးဆိုးလာပြီး အေးစိမ့်မူဒဏ်ကလဲ လွန်ကဲလာပြီး နာရီလက်တံ၏ ရွေ့လျားသံတို့က ပိုကျယ်လောင်လေသလားလို့ ထင်ယောင်မိသည် ။

အချိန်နာရီတွေက လည်ပတ်မြဲ လည်ပတ်နေသလို့ ကျွန်တော်လဲ Joon ပြန်လာမဲ့ အချိန်ကို စောင့်နေဆဲပင် ~

12 နာရီ မထိုးခင်လေးတော့  Joon  ပြန်ရောက်မယ် မဟုတ်လား ?

နီးကပ်လာတဲ့ နာရီလက်တံရှည်က 12 ကိုရောက်တော့မယ် Joon ~ သိပ်မလိုတော့ဘူး

" တိန်း ! "

မြည်ဟိန်းလာတဲ့ တိုင်ကပ်နာရီကြီးကို မျှော်လင့်ချက်မဲ့စွာငေးကြည့်လိုက်တော့

12 မှအနည်းငယ်စောင်းနေပြီးဖြစ်တဲ့ နာရီလက်တံရှည်
မယုံနိုင်စွာ ဖုန်းကိုဖွင့်ကြည့်မိတော့

" At 12 : 01 AM "

ပြီးဆုံးသွားခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ 3 Year Anniversary လေး ~ ပြီးသွားခဲ့တာတောင် Joon မရောက်လာခဲ့ဘူး လုပ်ရက်တယ် Joon ..... ကျွန်တော်အများကြီးမျှော်လင့်ခဲ့တာ

ဘေးသို့ချထားတဲ့ ဖုန်းကို အားတင်းပြီး Joon ဆီဖုန်းဆက်လိုက်တယ်

အ၀င်သာရှိပြီး ဖြေဆိုသူ့မရှိတဲ့ ဖုန်းကို ဆက်တိုက်ခေါ်ဆိုနေမိတယ် ဒီညတညလုံးမှာတင် Joon ဆီ ဖုန်းခေါ်ဆိုနေမိသည့်မှာ အကြိမ်ရေမနည်းတော့ပေ ။

မဆုံပါရစေနဲ့တော့  Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }Nơi câu chuyện tồn tại. Hãy khám phá bây giờ