💔💔

444 61 8
                                        

Zawgyi

ထို့စာမျက်နှာလေးမှာပဲ ရေးထားတဲ့ စာလေးနောက်တကြောင်းက

~ ကျွန်တော် ၀မ်းနည်းမိတာ တခုက ကျွန်တော်ကိုမြင်တော့ ခနလေးအတွင်း ပျောက်ကွယ်သွားတဲ့ ကျွန်တော်အမြတ်နိုးဆုံးသော Joon ရဲ့ ပါးချိုင့်နက်ကြီးနဲ့ အပြုံးပင် ။
မြတ်နိုးတန်ဖိုးထားပါတယ်ဆို့သော ထို့အပြုံးကို ကျွန်တော် ကိုယ်တိုင်က ပျောက်ကွယ်အောင်လုပ်ခဲ့တာ ကျွန်တော် အရမ်းဆိုးတယ် မဟုတ်လား Joon ..... ~

တကယ်တော့ အဲ့ဒီနေ့က နောက်ကျမှလဲ ရေချိုးပြီးခေါင်းလျှော်ထားတဲ့ အရူးလေးကြောင့် ဆိုးရိမ်စိတ်ဝင်ကာ အလိုမကျဖစ်ခဲ့ခြင်းပင် ။

~ ဒီနေ့ Joon ကျွန်တော် အပေါ်အထင်လွဲသွားခဲ့တယ် အဲ့ဒီ အချိန်က Joon ကျွန်တော်ကိုကြည့်နေတဲ့အကြည့်တွေက ရင်ဘတ်တခုလုံး မွှန်းကျပ်နေခဲ့တယ် ။
Joon မသိခဲ့ဘူး ထင်တယ် ထို့လူနှစ်ယောက်ရဲ့ အပြုအမူတွေပေါ် ကျွန်တော် သာယာနေခဲ့တာ မဟုတ်ပဲ ကြောက်ရွံနေခဲ့တယ်ဆို့တာ ။ ~

တကယ်မသိခဲ့ဘူး အဲ့ဒီနေ့က Seok ခံစားနေခဲ့ရတာ ။ ကိုယ့်သာ ထိပါးပိုင်ခွင့်ခဲ့သည့် နေရာကို ထို့လူတွေက ထိပါးခဲ့သည်။ ဒါကိုတောင် Seok က ဘာမှပြန်မတုံပြန်ခဲ့ပဲ ငြိမ်သက်နေခဲ့သောကြောင့် သူ့အပေါ် အထင်လွဲခဲ့ပြီး တခါမျှ ဘယ်မိန်းကလေးကိုတောင် အိမ်ခေါ်မအိပ်ဘူးတဲ့ ကျွန်တော်က ကလပ်မှာ တွေ့တဲ့ရရာ မိန်းကလေးတယောက်ကို အိမ်ခေါ်အိပ်မိခဲ့သည် ။

တကိုယ်ကောင်းဘယ်လောက်တောင် ဆံခဲ့မိတဲ့ ကျွန်တော်လဲ ။ ချစ်ရသူ့ရဲ့ ကြောက်ရွံနေမူကိုတောင် မမြင်ပဲ ထင်မြင်ရာတွေကိုပဲ ဆွတ်တွေးနေမိခဲ့တယ် ။

~ ကျွန်တော် Joon အပေါ် လျှိဝှက်ထားတာ တခုရှိတယ် Joon ..... အဲ့ဒါကလေ အငှားရည်းစားလိုက်ရတဲ့ အလုပ် အေဂျင်စီတခုနဲ့ ချိတ်ဆက်ထားပြီး လုပ်ရတဲ့ အလုပ်လေ ။ အဲ့ဒီ အလုပ်က ကြည့်ရတာ ပင်ပန်းမူ မရှိပေမဲ့ ကျွန်တော် အရမ်းပင်ပန်းတယ် Joon ..... Joon မဟုတ်တဲ့ တခြားတယောက်က ပွေ့ဖက်နမ်းရှိုက်နေတာမျိုး အဲ့လို့မျိုးတွေက ကျွန်တော်ကို ငရဲမီးသကဲ့ ပူလောင်စေတယ် ။ Joon .... သာသိရင် ကျွန်တော် Joon အပေါ်သစ္စာဖောက်တယ်ဆို့ပြီး ဘယ်လောက်ရွံရှာလိမ့်မလဲ ။ ဒါပေမဲ့ ပညာမပြည့်စုံတဲ့ ကျွန်တော်အတွက် များစွာသောအသုံးစရိတ်တွေအတွက် ထို့အလုပ်သာရှိသည်လေ ။   ~

မဆုံပါရစေနဲ့တော့  Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }Donde viven las historias. Descúbrelo ahora