💙💙

468 71 2
                                        

Zawgyi

အခုတလော Joon အရင်နေ့တွေထပ်ပိုနောက်ကျမှ ပြန်လာတတ်သည့် တခါတလေဆို့ မနက်အလင်းရောင်မှိန်ပြပြမှ ပြန်လာတတ်ပေမဲ့ သူ့ပြန်လာတိုင်းလုပ်နေကျအကျင့်လေးတခုအတိုင်းပင် ကျွန်တော်ကို အနောက်မှသိုင်းဖက်ကာ ရင်ခွင့်ထဲပွေ့ဖက်ထားပေးသည် ။ Joon မပြန်လာမချင်းမအိပ်ပဲ စောင့်နေတတ်တဲ့ ကျနော်ကလဲ အခုဆို့ အိပ်ရေးတွေပျက်လို့ ထင်ပါရဲ့ ခေါင်းတွေက အရင်ကထပ် ပို၍ပင် ထိုးကိုက်နေပြီး အခုတလော ၀ဲဘက်ရင်ကလဲ ဓားအချက်ပေါင်းများစွာ ဆူးပေါင်းများစွာ ထိုးစိုက်နေသလို့ပင် နစ်နေအောင်စူးအောင့် တတ်သည် ။
ကြည့်ရတာ ရောဂါက ပြန်ဖြစ်နေပြီး ထင်ပါရဲ့ ။
အ၀တ်ဗီရိုရဲ့ အောက်ဆုံးအထပ်မှာရှိတဲ့ လေးထောင့်ပုံစံဗူးဖြူ လေးကို ဆွဲယူလိုက်ပြီး အထဲမှ ဆေးဗူးအဖြူ လေးကို ဖွင့်ကာ လက်ထဲ သို့ ဆေးတလုံးထည့်ပြီး ရေအကူမပါပဲသောက်လိုက်တော့ ခနက နာကျင်စွာ ဆူးအောင့်နေတဲ့ ၀ဲဘက်ရင်အုံက အနည်းငယ်သက်သာသွားတော့သည်။

" ဆေးတွေ ပြန်သောက်နေရတာလား ? "

ရုတ်တရပ် အခန်းထဲသို့ ၀င်လာတဲ့ Joon ကြောင့် လန့်ကာ လက်ထဲက ဆေးဗူးကို လွတ်ကျလိုက်မိတော့ Joon ဆီက နွေးထွေးမူမပါသော ဂရုစိုက်မူလေသံဖြင့် မေးလာသည့် မေးခွန်းကို ချက်ချင်းပြန်ဖြေလိုက်သည်

" Omm ..... ဟုတ်တယ် Joon ..... "

" aww ..... "

ထို့စကားတခွန်းတာပြောပြီး ရေချိုးခန်းထဲသို့ ၀င်သွားသော Joon .....
Joon အခုတလော မျက်နှာလဲ မကောင်းဘူး နားရက်တွေဆို့လဲ အလုပ်ကိစ္စဖုန်းများက ဆက်လေ့ရှိသည် ထို့ဆက်သည့်ဖုန်းများနှင့် Joon ပြောနေသည့်အချိန်တွင် Joon ဟာ ပေါက်ထွက်တော့မဲ့ မီးတောင်လို့
ပြောပြီးသည့်အချိန်တွင်လည်း Joon ရဲ့ ပန်းလိုညိုးနွမ်းသွားတဲ့ မျက်နှာကို သတိထားမိသည် ။ Joon မှာတကယ်ပဲ ဘာကိစ္စတွေဖြစ်နေတာလဲ ?

" Hoseok ....... "

ရေချိုးပြီးလို့ထွက်လာတဲ့ Joon ခေါ်သံကြားမှ သတိကပ်ကာ

" ဟင် "

" ဘာလို့ အဲ့ဒီမှာကျောက်ရုပ်လို့ရပ်နေတာလဲ ? "

မဆုံပါရစေနဲ့တော့  Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }Donde viven las historias. Descúbrelo ahora