Zawgyi
Joon စီးပွားရေးက အခုတော်တော်လေး ကျဆင်းနေပြီး Joon ကလဲ တနေ့နေ့ သောက်လာတဲ့ အရက်တွေက အရင်ကထပ်ပိုများလာပြီး လူမှန်းသူ့မှန်းတောင် မသိတော့ အခုလဲ
" Hoseok ...... မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ ? "
" ဒါအကုန်ပဲ Joon ..... "
ဆိုကာ လက်ထဲသို့ ဘဏ်စာအုပ်လေးထည့်ပေးလိုက်သည် ။
" Omm ..... သွားတော့မယ် ။ bye ..... "
လက်ပြကာ အခန်းထဲမှ ထွက်သွားမဲ့ Joon ကို
" Joon ! "
" Omm ..... "
" အများကြီးမသောက်နဲ့နော် ။ နောက်ပြီး ညမနက်စေနဲ့ "
ဘာမှ မပြောပဲ အခန်းတံခါးကို ဆောင့်ပိတ်သွားတဲ့ Joon ......
Joon ကိုယ့်ဘ၀ကို ကိုယ့်မဖျက်ဆီးပါနဲ့လား ။ အရင်လို့ လူကောင်းတယောက် အားလုံးရဲ့ လေးစားခြင်းကို ခံရပြီး ထက်မြက်တဲ့ လူငယ်တယောက်အဖြစ်ရှင်သန်ပါလား Joon .....
ကျွန်တော် ထွက်သွားမဲ့ အချိန်မှာ စိတ်ချသွားချင်လို့ ။ထို့စကားများကို Joon ကို ပြောချင်ပေမဲ့ တကယ်တမ်းထွက်မလာခဲ့ပေ ။ ကျွန်တော်အပေါ် Joon တမျိုးထင်ပြီး မုန်းသွားမှာ မလိုလားသောကြောင့်
တွေးလက်စအတွေးများကိုရပ်ပြစ်ပြီး အချိန်ပိုင်းအလုပ်သွားရန် ထွက်လာခဲ့လိုက်သည် ။
ဆောင်းရဲ့အအေးဒဏ်ကလဲ အရိုးထဲထိအေးခဲလို့ပင် ။ သို့သော် အလုပ်မလုပ်ပဲနေလို့မရ အရင်ကထပ်ပိုလုပ်မှဖြစ်မည်လေ မဟုတ်ရင် ကျွန်တော်နဲ့ Joonရဲ့ဘ၀က အရင်လို့ပြန်ဖြစ်သွားမည်လေ နောက်ပြီး Joon တောင်းလာရင် ပေးနိုင်ဖို့အတွက် ပိုက်ဆံရှိနေမှ ဖြစ်မည် ။ ဒါကြောင့် သူငယ်ချင်းတယောက် အကူအညီနဲ့ ကလပ်တခုမှာ wariter တယောက်လုပ်နေသည်။ ဖြစ်ချင်တော့ အလုပ်လုပ်နေသည့် ကလပ်ဟာ Joon အမြဲသွားနေကျ ကလပ်ပင် ။ ဆိုးရိမ်မိသည် Joon ကျွန်တော်ကို မြင်သွားမှာ ဒါကြောင့် တတ်နိုင်သမျှ Joon မမြင်အောင်ရှောင်ဖြစ်တယ် ။
ဒါပေမဲ့ ........
" မင်းလေးက အလှလေးပဲ ။ ကိုယ့်တို့နဲ့ အတူတူ တညလောက် ကစားချင်လား ? "
VOUS LISEZ
မဆုံပါရစေနဲ့တော့ Joon ....... ( မဆုံပါရစေနဲ့တော့ Joon ) { Complete }
Fanfictionနောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 .... နောက်တဖန်ဆိုတာ မဖြစ်နိုင်တော့ဘူး Joon 💔💔 ....