30

524 52 0
                                    

ADV 30

ယွီရှန်ဖုန်း သူ့ရှေ့က ယာဂုပန်းကန်ကိုကြည့်လိုက်တယ်။လက်ကို မျက်နှာပေါ်တင်လိုက်ရင်း ကောင်လေးရဲ့တစ်ဖက်ကိုဝင်ထိုင်လိုက်သောအခါ သူ့ကိုမျှော်လင့်တကြီးကြည့်နေတဲ့ကောင်လေးနဲ့တိုးလေတယ်။ရုတ်တရက် ထူးဆန်းတဲ့ ခံစားချက်က သူ့နှလုံးသားမှာဖြတ်ပြေးသွားလေတယ်။

အတိတ်က သူနဲ့အတူ ယွီရင်ချိုကိုခေါ်ခဲ့တယ်။ဘာလို့ဆို သူစိမ်းတွေနဲ့ မနေချင်လို့ဘဲ။ယူတ်စွအဆုံး သူ နာနီတောင်မငှားခဲ့ဘူး။အိမ်မှာ ဘယ်ဧည့်သည်မှလက်မခံဘဲ တစ်ယောက်တည်းနေခဲ့တာ။သူ့နယ်မြေကို ကျူးကျော်ဝင်ရောက်လာပြီး ငူ့ဘဝလမ်းကြောင်းမှာဝင်နှောက်ယှက်တဲ့ ရှစ်ယွီတို့လိုလူကိုတော့ ထည့်မတွက်ဘူးပေါ့။
(သူစိမ်းမကြိုက်တဲ့ daddyက သူစိမ်းတွေနဲ့ နှစ်ပါးကနေရရှာတာ)

ယွီရှန်ဖုန်းက ပန်းကန်ကိုစိုက်ကြည့်နေတာမြင်တော့ ရှစ်ယွီက သူ ဆားငံဆားပေါ့တစ်ခုခုဖြစ်ပြီးစားမကောင်းမှာစိုးရိမ်နေတာလို့တွေးလိုက်တယ်။သူပြောမလို့ပြင်လိုက်တံ့အခါ သူက ရုတ်တရက် ဇွန်းကိုကောက်ကိုင်ပြီး ယာဂုတွေကို ဇွန်းနဲ့အပြည့်ကော်လိုက်တယ်။

နဲနဲလောက္မြည်းကြည့်ပြီး စားကောင်းမှန်းသိသွားတဲ့အခါ နောက်ထပ်တစ်ဇွန်းအပြည့်ကော်ကာ ပါးစပ်ထဲထည့်လိုက်တော့တယ်။

"ဘယ်လိုလဲ။ကျနော့်အချက်အပြုတ်စွမ်းရည် တော်တော်လေးကောင်းတယ်မလား။ဟုတ်တယ်မလား။"'

ရှစ်ယွီဂုဏ်ယူစွာပြောလိုက်တယ်။မရှင်းရသေးတဲ့ ကြမ်းပြင်ပေါ်က အညစ်အကြေးတွေကိုမြင်တော့ သူစောင့်ကြောင့်ထိူင်လိုက်ပြီး စတင်ရှင်းလင်းတော့တယ်။

ယွီရှန်ဖုန်းကတေယ့ ယာဂုစားနေရင်း တစ်ခဏမျှရပ်တန်းလိုက်တယ်။ကြမ်းအြင့ပေါ်စောင့်ကြောင့်ထိုင်နေတဲ့ကောင်လေးကိုကြည့်ရင်း၊ဂရုတစိုက်နဲ့ ပန်းကန်အကွဲတွေကိုရှင်းနေတာတွေ့တော့ ရုတ်တရက် သူရှုပ်ထွေးသွားတော့တယ်။

ဒီကောင်လေးက တအားကြည့်ကောင်းတာကိုတော့ ငြင်းလို့မရဘူး။သူက ချောမောတဲ့အမျိုးသားတစ်ယောက်ပဲ။နောက်ပြီး အသက်ကြီးတဲ့ပုံလဲမပေါ်သေစဘူး။အလွန်ဆုံးရှိမှ ၁၇၊၁၈ဝန်းကျင်ပေါ့။

Attract Villains' DaddyWhere stories live. Discover now