AVD 28
ရှစ်ယွီ ယွီရှန်ဖုန်းအခန်းနားဖြတ်လျှောက္မိတော့ ထိုအခန်းက ဟနေတာကိုတွေ့လိုက်ရတယ်။
အစကတော့ သူအောက်ထပ်သွားမလို့ပါပဲ။ဒါပေမယ့် ခုတိုင်းဆို သူတစ်ခုခုကိုကြားရမယ်နဲ့တူတယ်။
သူက ရပ်တန့်လိုက်ပြီး နောက်ဆုံး တံခါးဖွင့်ကာအထဲဝင်သွားလိုက်တယ်။သူ့နှလုံးသားထဲမှာတော့ သေချင်သေပါစေတော့ပေါ့။သူအခုထိဝတ်စရာမရှိသေးဘူး။အခုထက်ထိပဲ။စောင်ပါးလေးနဲ့ တစ်ချိန်လုံးနှစ်ပါးသွားနေရတာ။ကိုယ်လုံးတီးနဲ့ သူလျှောက်ပတ်မနေချင်ပါဘူးနော်။
(သူ့မှာအဝတ်မရှိတာတောင် မေ့နေတာ😁)ယွီရှန်ဖုန်းအခန်းက ဧရာမအကြီးကြီးပဲ။နှစ်ယောက်အိပ်ကုတင်ကြီးကလဲ အခန်းရဲ့၃ပံု၁ပံုနေရာယူထားသေးတယ်။အခန်းတစ်ခုလုံးကို အနက်ရောင်နဲ့လှလှပပဆေးခြယ်ထားပြီး ဗီရိုကြီးတွေကလဲ အကြီးကြီးပဲ။
သူထင်လိုက်တာ ဗီရိုထဲမှာတော့အဝတ်တွေအပြည့်ပဲပေါ့။သို့ပေသိ သူဖွင့်လိုက်တဲ့အခါ အဝတ်က တစ်ဝက်တောင်ရှိမနေတာတွေ့လိုက်ရတယ်။
"အားလား..သူကလူချမ်းသားတစ်ယောက် ဟုတ်ရောဟုတ်လို့လား။ ဘာလို့အဝတ်နဲနဲပဲရှိရတာလဲ"
သူက ထိုအထဲမှ အဖြူရောင်ရှပ်တစ်ထည်နဲ့ အပြာဖျော့ဖျော့ဂျင်းဘောင်းဘီတစ်ထည်ထုတ်လိုက်တယ်။
တကယ်ဆိုရင် ထိုအဝတ်အစားတွေကအနည်းငယ်ပဲလို့ထင်ရပေမယ့် တကယ်တမ်းတော့ အဝတ်ဗီရိုရဲ့ကြီးမားမှုကြောင့် နည်းနေတယ်လို့ထင်ရတာဖြစ်နေလေတယ်။ဘယ်သူမဆို မျက်စိမှားမိကြမှာပဲ။
အဝတ်ကိုမြန်မြန်လဲပြီးတဲ့အခါကျမှ ထိုအဝတ်တွေက သူနဲ့အတော်လေးကြီးပြီး အံဝင်ဂွင်မကျတာကိုသိလိုက်ရတယ်။
သို့ပါသော်လဲ သူတတ်နိုင်တာဘာများရှိဦးမှာလဲ။သူနဲ့ ယွီရှန်ဖုန်းကြားက ခန္ဓာကိုယ်ကွာခြားမှုက နဲနဲနောနောမှမဟုတ်ဘဲ။အရပ်ပဲယှဉ်ကြည့်ဦးမလား။ဒါကြောင့် အဝတ်တွေက သူဝတ်လိုက်တဲ့အခါ အရမ်းကြီးနေတာဖြစ်တယ်။
သူကတော့ ကိစ္စမရှိပါဘူး။ဘာမှမဝတ်ရတာထက်တော့ အပုံကြီးသာတာပဲကို။အဝတ်တွေကကြီးလွန်းလို့ အကျီလက်တွေဆို သူခဏခဏခေါက်တင်နေရရုံလောက်ပါပဲ။
YOU ARE READING
Attract Villains' Daddy
Ficción Generalပြန်လည်မွေးဖွားပြီးနောက္မှာ Qin Shiyuတစ်ယောက် မိထွေးsystemတစ်ခုနဲ့ချိတ်ဆက္မိသွားတော့တယ်။အ့တာကြီးက သူ့ကို လမ်းသရဲတစ်ယောက်လို့ထင်နေရုံတင်မကပဲ အလုပ်အတွက်အသက်ရှင်နေတဲ့သူလို့လဲထင်နေတာ သူက ကောင်းကောင်းစားပြီးအကောင်းစားတွေဝတ်ဆင်နေပါလျှက်နဲ့လေ။ ပိုပြီးမမျှေ...