33

503 60 0
                                    

AVD 33

^^အို့..ငါကsystemလေ။ATMမဟုတ်ဘူး။ဘယ်ကနေငွေရချင်နေတာလဲ။မင်းရူးနေလား^^

"......"

Systemရဲ့ ရိုင်းဆိုင်းလှတဲ့ထိုးနှက်ချက်က သူ့စိတ်ထဲကနေထွက်ပေါ်လာတယ်။ဒါပေမယ့်သူပြောတာတစ်ခုမှ မမှားတာကိုတော့ဝန်ခံရမယ်။

ထိုအချိန်မှာတော့ ရှစ်ယွီခံစားချက်တွေရှုပ်ထွေးနေတယ်။သူအလုပ်တစ်ခုရှာရတော့မယ်လို့ သူ့ကိုယ်သူတွေးလိုက်တယ်။လမ်းသရဲဘဝက ရေရှည်ဖြေရှင်းလို့ကောင်းတဲ့ နည်းလမ်းမဟုတ်ဘူး။

သူက သူ့မှာပိုက်ဆံမရှိမှန်းသိပေမယ့် wechatကိုတော့ စစ်ကြည့်နေတုန်းပဲ။ကံကောင်းစွာနဲ့ သူ့wechatမှာ ယန်၃၀၀ ခုထိရှိနေသေးတာတွေ့လိုက်ရတယ်။

"မိုးကောင်းကင်က ငါ့ကို အမှန်တကယ်ကူညီနေတာပဲ"

သူ ပျော်ရွှင်စွာနဲ့ တံခါးကနေထွက်၊တက္ကစီငှား
ပြီး ကျောင်းကိုသွားလိုက်တော့တယ်။

ယွီရင်ချိုရဲ့ဆရာမကိုရှာဖို့က တကယ်တော့မလွယ်ပါဘူး။ဒါပေမယ့် သူ့ကို ကျောင်းဆေးခန်းကိုညွှန်လိုက်တော့ ဘာကြောင့် ကောင်ဆိုးလေးကမူးလဲရတာလဲဆိူတာသိလိုက်ရတယ်။သူက ရက်အတော်ကြာအောင်အစားမစားတဲ့အတွက် အစားပြတ်ပြီးအားနည်းသွားတာဖြစ်တယ်။

တကယ်လို့ မင်းက သင့်တင့်လျောက်ပတ်စွာမစားဘူးဆိုရင် မင်းရဲ့ခန္ဓာကိုယ်လိုအပ်ချက်မပြည့်စုံတဲ့အတွက် အားနည်းလာလိမ့်မယ်။
(မှတ်ထားကြပါ 😎
ကိုယ်ကတော့ အကုန်လုံးထက်အစားစားရတာကိုသဘောကျတယ်😁😁)

ရှစ်ယွီ ပြောစရာစကားမရှိဖြစ်သွားတယ်။
ဒီကလေးစုတ်က အသက်ဘယ်လောက်ရှိသေးလို့
ဒီလိုမျိုးနဲ့ပြဿနာဖြစ်အောင်လုပ်ရတာလဲ။

"ရှင်​က သူ့မိဘဖြစ်တဲ့အတွက်ကြောင့် သူ့ကိုကောင်ကောင်းဂရုစိုက်သင့်တယ်။ဘယ်လိုများ ကလေးက ရက်အတော်ကြာ အစာမစားတာကိုသတိမပြုမိရတာလဲ။ ကလေးက အခုထိဖွံ့ဖြိုးဆဲပဲရှိသေးတာ။အစားမစားတာက သူ့ခန္ဓာကိူယ်အတွက်လဲမကောင်းသလို စာမေးပွဲကိုပါထိခိုက်စေလိမ့်မယ်..."

အသက်၄၀အရွယ် ကျောင်းဆရာဝန်မက အခန်းထဲဝင်လာုပီး ယွီရင်ချိုကို IVချိတ်ပေးလိုက်တယ်။သူ(မ)က ရှစ်ယွီကိုတွေ့တဲ့အခါ မနေနိုင်စွာဘဲ နားပူနားဆာလုပ်တော့တယ်။။

Attract Villains' DaddyWhere stories live. Discover now