C 58

591 74 5
                                    

C 58

"ငါ့ကို အားကျတယ်?"

ယွီရင်ချိုဟာ ပျော်ရွှင်နေတဲ့ရွှီးဝေရန်ကိုကြည့်ပြီး ဇဝေဇဝါဖြင့်မေးလိုက်လေတယ်။

"ဟုတ်တယ်လေ။မင်းမိသားစုက မင်းအတွက်မနက်စာတောင်လုပ်ပေးသေးတာပဲကို။အ့တာ မင်းကို ဂရုစိုက်လို့လေ။ငါ့အမေဆို ငါ့အတွက် မနက်စာမလုပ်ပေးတာကြာလှပေါ့"

ရွှီးဝေရန်က ခေါင်းငြိမ့်လိုက်ပြီး တောင့်တနေတဲ့မျက်နှာအမူအရာဖြင့် ဘူးကလေးထဲက စီရီနေတဲ့မုန့်လေးတွေကိုကြည့်နေမိတယ်။

ယွီရင်ချိုတစ်ယောက်ကတော့ ဘာပြောလို့ပြောရမှန်းမသိဖြစ်နေလေတယ်။ဒါက ပထမဦးဆုံး တခြားသူတွေဆီက အားကျခံရခြင်းပဲ။ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုလို့အားကျခြင်းလေ။

သို့ပေသိ ဘယ်သူကများ သူပျော်နေတဲ့အချိန်တွေကိုသိနိုင်မှာတဲ့လဲ။ငယ်ငယ်ကတည်းက အဖေက အစည်းအဝေးလေးတစ်ခုတောင် တတ်မပေးခဲ့ဖူးဘူး။

"မင်းစားချင်ရင် ငါမင်းကို အကုန်ပေးတယ်"

အမှန်တကယ်စားချင်နေတဲ့ရွှီးဝေရန်ကိုကြည့်ပြီး ယွီရင်ချိုပြောလိုက်မိတာဖြစ်တယ်။

ထိုအခါ ရွှီးဝေရန်က အံ သြ သွားပြီး
"ငါ့ကိုအကုန်ပေးတာလား။မင်းအတွက်ကရော"

"ငါ မစားချင်ဘူး"

ယွီရင်ချိုက သူ့ရဲ့မထူးခြားတဲ့မျက်ဝန်းအကြည့်ကိုပြန်ရောက်ရှိပြီး ခေါင်းငုံ့ကာ စာအုပ်လှန်နေလိုက်တယ်။

ရွှီးဝေရန်က သူ့ကိုတစ်လှည့် မုန့်ဘူးကိုတစ်လှည့်ကြည့်လိုက်ပြီး တစ်ခုယူလိုက်ကာ
"အ့ဆို ငါတစ်ခုစားကြည့်လိုက်မယ်။နားချိန်ရောက်မှ မင်းစားပေါ့။မင်းမိသားစုက မင်းအတွက်လုပ်ပေးထားတာကို ငါက အကုန်စားလိုက်လို့ဘယ်ဖြစ်မလဲ"

သူတို့စကားပြောနေစဉ်မှာပဲ ကျောင်းသားတစ်စုက တံခါးကနေလျှောက်ဝင်လာပြီး ယွှီရင်ချိုက သူ့နေရာမှာထိုင်နေတာကိုမြင်လိုက်ရတဲ့အခါ သူတို့က ထိုနေရာကိုလျှောက်သွားလိုက်ကြတယ်။
"ရို့ ဘရိုယွီ အစားအတွက်မဟုတ်ရင် ငါတို့ ဘရားသားတွေဘယ်ဟုတ်တော့မလဲ"

Attract Villains' DaddyWhere stories live. Discover now