38

487 61 0
                                    

AVD 38

အမည်-ချင်ရှစ်ယွီ
လိင်-အမျိုးသား
အသက်-၂၀

အလုပ်အကိုင်-lurker(I think အလစ်သုတ်သမား)

ဝါသနာ-လမ်းသရဲ(လူရမ်းကာ)လုပ်ကာအနိုင်ကျင့်ခြင်း

မိသားစုနောက်ခံ-ဆေွမျိုးမရှိတစ်ကောင်ကြွက်၊မိဘမဲ့ဂေဟာမှကြီးပြင်းလာသူ

ချိတ်ဆက်ထားသောrelationship-မရှိ

ဒါက ချန်းကျွင်ဆီကနေသာမဟုတ်ရင် ယွီရှင်ဖုန်းက အခြေခံအချက်လောက်သာပါတဲ့ ဒီလိုဖိုင်ပါးပါးလေးက သူ့ကိုလှောင်နေတာလို့ယူဆလိုက္မှာ။

ဒီအချက်အလက်တွေက အသုံးမဝင်ဘူးလို့ပြောလို့ရတယ်။သူတို့ဆက်ဆံရေးက ရှင်းရှင်းလင်းလင်းမရှိတဲ့အတွက် တစ်စုံတစ်ယောက်က သူ့အနောက္မှာပုန်းနေနိုင်တယ်။

ယွီရှန်ဖုန်းက အကျင့်အရ စားပွဲကိုခေါက်ကာ တွေးတောနေတော့တယ်။

ထိုအချိန်မှာပဲ သူ့ဖုန်းမြည်လာလေတယ်။သူက ခေါ်ဆိုသူကိုကြည့်လိုက်တော့ လန်ဖုန်းဖြစ်နေတဲ့အတွက် ကိုင်လိုက်တယ်။

"မင်း အချက်အလက်တွေကိုမြင်ပြီးသင့်နေပြီ။မင်းအတွက်သာမဟုတ်ရင် ငါဒီလိုမျိုးကြိုးစားမှာမဟုတ်ဘူးနော်။နောက်ပြီး သူ့နောက်ကြောင်းက တကယ်ကြီးရှင်းလင်းနေရောပဲ။ဒီမတိုင်ခင်က သူဘယ်သူနဲ့မှအဆက်အသွယ်မရှိဘူး။ဖြစ်နိုင်တာက မင်းဆီမှာတကယ်ကျရှုံးသွားတာနေမယ်"

အသံကိုနားထောင်ကြည့်ရသလောက်တော့ ရယ်ချင်စိတ်ကိုအတင်းထိန်းနေရတဲ့ပုံပဲ။သိသာနေတာပဲ။ချန်းကျွင်က မနေ့က သူနဲ့ရှစ်ယွီအကြောင်းပြောပြီးလောက်ရောပေါ့။

"ဟေး...ဒါက ကျောက်စိမ်းရေခဲတုန်းကြီးအကြောင်းပြောနေတာနဲ့လုံးဝမတူဘူးနော်။မင်းမှာက ယောကျာ်းလေးမိတ်ဆွေရောမိန်းကလေးမိတ်ဆွေပါမရှိတဲ့အပြင် မင်းအိပ်ရာကိုနွေးထွေးအောင်လုပ်ပေးမယ့်gunnerတောင်မရှိဘူး​ေလ။အခု ဆိုးပေ​​း
လေးလဲမဆိုးပါဘူးကွ။မဟုတ်ရင် မင်းတော့သွားပြီ။ဟားဟားဟား....."
(ခန့်ချောfaကြီးတွေဆိုတာ bffတွေရဲ့လှောင်ဖက်ပါ🤣🤣)

လန်ဖုန်းက သူ့ကိုစနောက်လိုက်ပြီး ဝါးလုံးကွဲရယ်နေတော့တယ်။

Attract Villains' DaddyWhere stories live. Discover now