Chapter 8

1K 121 0
                                    

"အို့!မင်းပြောနေတဲ့လူက ဘယ်သူလို့ထင်နေတာလဲ"

အနက်ရောင်ဝတ်စုံနဲ့သက်တော်စောင့်တစ်ယောက်က နေကာမျက္မှန်ကိုဟန်ပါပါချွတ်ပြီး မထီလေးစားပြောလိုက်တယ်။

အစ်ကိုကြီးဟုန့်က ထိုလူရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါ ပင့်သပ်မရှိုက်ပဲမနေနိုင်ခဲ့လေဘူး။

လန်ဖုန်းရဲ့ အယုံကြည်ရဆုံးတပည့် ချန်းကျွင်!

ဒီလိုဆိုရင် ထိုလူရဲ့နောက်ခံအမှန်ကဘာလဲ။ လန်မိသားစုရဲ့သက်တော်စောင့်တွေသာမကဘဲ လန်ဖုန်းရဲ့အယုံကြည့်ရဆုံးတပည့်တောင်ပါလာတာဆိုတော့။

နောက်ပြီး စောနက လူချောလေးအော်သွားတာကိုကြားရသလောက် ငါက သူ့သားကိုပြန်ပေးဆွဲလာမိတဲ့ပုံပဲ။ယွီရှန်ဖုန်းဆိုတဲ့နာမည်ကို ငါအခု နဲနဲရင်းနီးတယ်လို့ခံစားမိနေပြီ။

အစ်ကိုကြီးဟုန့်ကအတွေးထဲနစ်မြောနေတုန်း ငယ်သားတစ်ယောက်အော်သံကြောင့် ကြည့်မိလိုက်တဲ့အခါ သူတို့ဖမ်းထားတဲ့ ထိုဆယ္ကျော်သက်ကလေးက လူချောကြီးလက်ထဲရောက်နေပြီဖြစ်တယ်။

"အစ်ကိုရှန်ဖုန်း!အစ်ကို့သားကိုတွေ့ပြီ။ကြည့်ကြည့်"

ယွီရှင်ဖုန်းက သူ့သားကိုသယ်ယူလိုက်ပြီး ချန်းကျွင်ကိုခေါင်းငြိမ့်ပြကာ လှည့်ထွက်သွားတော့တယ်။

"Holy shit! တအားမိုက်တာပဲ"

လူချောကြီးရဲ့နောက်ကျောကိုကြည့်ပြီး ရှစ်ယွီက ချစ်မြတ်နိုးမှုတွေနဲ့ချီးကျူးလိုက်တယ်။သူ့ဘေးက လူဗလကြီးနှစ်ယောက်ကလဲ ထောက်ခံကြောင်းခေါင်းငြိမ့်ကြတယ်။
#ဟုတ်နေကြတာ#

"ဟုတ်တယ်။တအားခန့်ညားတာပဲ။ဒီလို့ခန့်ချောကြီးက တကယ်တော့ ငါမဟုတ်.....
နေဦး နေဦး.... ဒါက ငါ့ပိုင်တဲ့ငါ့ဟာ"

အ့လိုပြောပြီးတာနဲ့ ရှစ်ယွီဟာ လူဗလကြီးနှစ်ယောက်ဆီကဖမ်းခံထားရတာကိုသတိရပြီးစတင်ရုန်းကန်တော့တယ်။
#လွွတ်ပြီထင်နေတာ အငမ်းကောင်းပြီးပြန်ဖမ်းခံရတာနဲတောင်နဲသေး🤧🤧#

"လောင်ဇီကိုလွှတ်စမ်း။အ့တာလောင်ဇီ့လူကြီးပဲ..."

ဗလကြီးနှစ်ယောက်က ထွီလို့လုပ်လိုက်ပြီး ပြိုင်တူပြောလိုက်ကြတယ်။

Attract Villains' DaddyWhere stories live. Discover now