C 45-46

565 69 6
                                    

္ AVD 45

"မဂ်လာပါခဗျ။ဉက္ကဌယွီမှာထားတဲ့ပစ္စည်းတွေပါ။"

လူကြီးက ရှစ်ယွီကိုတွေ့တော့ ဘယ်သူဘယ်ဝါမှန်းမသိတာတောင် အပြုံးတစ်ခုကိုချိတ်ဆွဲလိုက်တယ်။

"ဒီလောက်အများကြီးလား"

ရှစ်ယွီက အံ့သြသွားပြီး တံခါးဝက ပစ္စည်းတစ်ပြုံတစ်ခေါင်းကြီးကိုကြည့်ပြီး မမေးပဲမနေနိုင်ဘူး။

"ဉက္ကဌယွီက ဒါတွေကိုမှာထားတာပါ။ကျနော်က သူမှာတဲ့အတိုင်း ဝယ်ပြီး လာပို့တာပါ။မီးဖိုချောင်ထဲထိကူသယ်ပေးရဦးမလားခဗျ။"

လူကြီးက ရိုးသားတဲ့အပြုံးတစ်ပွင့်ကို ထုတ်ဖော်ရင်းပြောလိုက်တယ်။

"ကျေးဇူးပါပဲ"

ရှစ်ယွီက ထိုလူ့ကိုကျေးဇူးတင်လိုက်ပြီး ပစ္စည်းတွေကို မီးဖိုချောင်ထိ ဝင်ပို့စေလိုက်တယ်။

ကံကောင်းတာတစ်ခုက ရေခဲသေတ္တာတွေအများကြီးရှိနေတာပဲ။ဒါပေမယ့် အများကြီးရှိနေရင်တောင် အကုန်ပြည့်မနေသင့်ဘူးမလား။

လူကြီးက ပစ္စည်းတွေရွေ့ပြီးသွားတော့ နှုတ်ဆက်ကာ ထွက်ခွာသွားတော့တယ်။
ရှစ်ယွီက မချက်ခင် ဟင်းသီးဟင်းရွက်တွေကို​ နေရာချပြီးသွားတဲ့အခါ အမျိုးမျိုးသောအသီးအရွက်တွေကိုကြည့်ပြီး ခေါင်းကိုက်လာတော့တယ်။

များသောအားဖြင့် သူက စိတ်ထဲရှိရာတွေကိုချက်ပြုတ်တာဖြစ်ပြီး
သူ့ရဲ့ အချက်အပြုစွမ်းရည်ကလဲ ကောင်းတယ်လို့ပြောလို့မရဘူး။နောက်ပြီး ချက်ထားတဲ့အစားအသောက်ကလဲ သူစားလို့ရရုံလောက်ရှိတဲ့ မဆိုးဘူးဆိုတဲ့အနေထားမှာပဲ။အခု ဒါတွေကိုချက်ဖို့ဆိုတာ သူ့အတွက် အရမ်းခက်​ေနတယ်။

"မိထွေးလေးရေ.. မင်းရဲ့ချစ်လှစွာသောhostလေးက မင်းကိုလိုအပ်နေတယ်။မြန်မြန် မြန်မြန်လေးထွက်လာခဲ့ပါဦးလို့။"

ဒါကိုတွေးပြီးတော့ ရှစ်ယွီက system ကိုမေးဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်။

[ဘာလဲ။ဘာလို့ငါ့ကိုရှာနေတာလဲ။]
Systemရဲ့ စိတ်မရှည်တဲ့အသံက သူ့စိတ်ထဲမှာထွက်ပေါ်လာတယ်။

Attract Villains' DaddyWhere stories live. Discover now