Chapter 19

553 56 0
                                    

AVD 19

ရှစ်ယွီကထိုအကြောင်းကိုတွေပိုတွေးမိလေ လှပတဲ့အနာဂတ်က သူ့ကိုလှက်ကမ်းကြိုဆိုနေတယ်ဆိုတာပိုပြီးခံစားမိလေဖြစ်တယ်။
(သူ့ရုပ်ရည်ကြောင့် daddyကြီးကိုဆွဲဆောင်ဖို့မခက်ပါဘူးပေါ့လေ🤧🤧)

ယွီရှန်ဖုန်းက တံခါးကို တစ်ချက်တည်းကန်ဖွင့်လိုက်တယ်။ထိုအသံက ရှစ်ယွီကိုကြောက်ရွံသွားစေတယ်။

"အာ့ယား...ကိုလူချော...ခင်ဗျားအလျင်လိုနေတာသိပါတယ်။ဒါပေမယ့် ဒီလိုမျိုးကြမ်းတမ်းဖို့မလိုဘူးလေ.."

ရှစ်ယွီကတော့ သဘောကျလွန်းလို့ပြုံးနေမိတော့တာပါပဲ။

ရှစ်ယွီပြောတာကြားလိုက်တဲ့အခါ ယွီရှန်ဖုန်းက သူ့ကို အိပ်ရာပေါ်ပစ်ချလိုက်တော့တယ်။
အိပ်ရာကြီးက ပျော့စိပျော့စိနေသော်လဲ သူက ရုတ်တရက်ပစ်ချခံရတာဖြစ်တယ်။ဒါကြောင့် တအားနာသွားတာမဟုတ်ပေမယ့် သက်တောင့်သက်သာလဲ​ြဖစ်မနေလေဘူး။

ဒီလိုကြမ်းတမ်းတဲ့အပြုအမူကြောင့် ရှစ်ယွီက စောင်ပါးလေးနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားလိုက်တယ်။သို့ပေမယ့် သူ့ရဲ့ ဖြူဖွေးသောအပေါ်ပိုင်းကတော့ လှစ်ဟနေတုန်းပါပဲ။သူက ဒေါသထွက်ပြီး တစ်ယောက်ယောက်ကိုအော်ငေါက်လိုက်ချင်ပေမယ့် ယွီရှန်ဖုန်းက သူ့ကိုစိုက်ကြည့်နေတာနဲ့တိုးတော့တယ်။

သူအခုထိအဝတ်မကပ်ရသေးဘူးဆိုတာသတိရပြီးနောက် ရှစ်ယွီက မျက်လုံးလှည့်ကာဖြင့် ဂရုတစိုက်စဥ်းစားတော့တယ်။

သူက ကောက်ကျစ်စဥ်းလဲတဲ့အပြုံးနဲ့အတူ စောင်ကို ရင်ဘတ်အထိ ရည်ရွယ်ချက်ရှိရှိဖုံးလိုက်ပြီး ပြောလိုက်တယ်။

"ကိုလူချော...အခု ကျနော်တို့ဘာလုပ်သင့်လဲ။ခင်ဗျားအကုန်မြင်ပြီးသွားပြီဆိုတော့ ခင်ဗျားတာဝန်ယူမှာမလား"

ယွီရှန်ဖုန်းက မျက်လုံးပြူးသွား
ပြီး သူ့ရဲ့ပုံစံသေမျက်နှာပေါ်မှာလဲ ဒေါသအရိပ်အယောင်တွေ ထင်ဟပ်လာတော့တယ်။နဖူးကြောတွေထောင်ထလာပြီး တဖြညး်​ြဖည်း လက်သီးဆုပ်လိုက်တော့တယ်။

သို့သော်လည်း သူက သူ့ရှေ့ကလူကို သေအောင်ရိုက်နှက်ချင်စိတ်ကိုတွန်းလှန်ပြီး တံခါးဆီလှည့်ထွက်သွားလိုက်တယ်။

Attract Villains' DaddyWhere stories live. Discover now