Chapter 13

675 79 0
                                    

AVD 13

ခန်းမထဲကိုဝင်ပြီးနောက် စားသောက်ပြီးနှင်ထုတ်ခံရခြင်း

"လူကလေး...မင်းမှာဘာတွေဖြစ်ခဲ့တာလဲ။ရှန်ဖုန်းရဲ့အိမ်ရှေ့မှာ ဘာလို့အားနည်းပြီးလဲကျနေတာလဲ"

ရွှီးချန်က သူ့ဆေးလွယ်အိတ်ထဲက တစ်စုံတစ်ခုကို လှန်လှောရှာဖွေရင်းမေးလိုက်တယ်။

ရှစ်ယွီက ဆေးပုလင်းတွေနဲ့ဆေးထိုးအပ်ကိုမြင်တော့ စိတ်ဓာတ်ကျသွားတယ်။သူက ငယ်ငယ်လေးကတည်းက ဆေးထိုးရမှာကိုကြောက်တဲ့သူဖြစ်တယ်။သူက ဆေးတွေက သူ့ကိုရည်ညွှန်းလာတာကိုမြင်တော့ ခုခံလိုက်တယ်။

သူက ချက်ချင်းမတ်တပ်ထလိုက်ပြီး
"Haha... ha..ကျ...ကျနော်အဆင်ပြေပါတယ်အန်ကယ်။ကျနော် ရက်အတော်ကြာထမင်းမစားရသေလို့ပါ"

ရှစ်ယွီက ထိုသို့ပြောပြီး သူ့ဗိုက်ကိုဖိထားလိုက်တယ်။အသေအချာပါပဲ သူက ယွီရှန်ဖုန်းကိုခိုးမကြည့်ပဲမနေနိုင်ပါဘူး။
ယွီရှန်ဖုန်းကလဲသူ့ကိုကြည့်နေတာမြင်တဲ့အခါ သူက ချက်ချင်း အားနည်းနေပေမယ့် ရှက်ပြုံးတစ်ခုပြုံးပြလိုက်တယ်။

^^လူကလေး....မင်းရဲ့သရုပ်ဆောင်စွမ်းရည်က မဆိုးပါဘူး။ထပ်ပြီးကြိုးစားလိုက်ပါဦး။ဒီမှာ မင်းအတွက် အမှတ်တွေထပ်ထည့်ပေးထားတယ်^^

System ကပြောပြီးတာနဲ့ သူ့ဘာသာပြန်ပျောက်သွားတယ်။

ရှစ်ယွီရဲ့စကားတွေကိုကြားတဲ့အခါ ရွှီးချန်က သူလုပ်နေတာတွေကိုရပ်လိုက်ပြီး သူ့ကိုကြည့်လာတယ်။
"မင်းက ရက်အတော်ကြာထမင်းမစားရသေးဘူး?။ကောင်ကလေး....မင်း.."

သူက ရှစ်ယွီရဲ့ ညစ်ပတ်နေတဲ့အဝတ်အစားတွေနဲ့ ခပ်နွမ်းနွမ်းဂျာကင်ကိုမြင်ပြီး ဘာမှထပ်ပြီးပြောမထွက်တော့ပါဘူး။

"ကျ...ကျနော် အဆင်ပြောပါတယ်။အာ..အန်ကယ်..စောစောက ကူညီခဲ့တာအတွက်ကျေးဇူးတင်ပါတယ်ခဗျ။ဒီမှာ ကြာကြာနေဖို့ ကျနော့်အတွက်မသင့်တော်ပါဘူး။ဒါကြောင့် အရင်သွားနှင့်ပါဦးမယ်ခဗျ။...."

"တကယ်လို့အဆင်ပြေမယ်ဆိုရင် အန်ကယ့်လိပ်စာထားခဲ့ပါလာ။ကျ..ကျနော် လုံးဝ..."

Attract Villains' DaddyWhere stories live. Discover now