_Uni Code

*ခင်ဗျားအတွက်
.
.
.
ပုံမှန်ကြားနေကျ ရထားသံတဂျက်ဂျက်ကို မကြားရတော့ ဘယ်အချိန်ထိဆက်အိပ်နေမိတာလဲတောင် မသိတော့ဘူး။ကော်ဖီနံ့သင်းသင်းရမှ မျက်လုံးဖွင့်ကြည့်တော့ နာရီလက်တံတွေက နံပါတ်ရှစ်အကျော်မှာ...

ညက ဟိုတယ်ကိုဘယ်လိုပြန်လာလဲဆိုတာတောင် မေ့တေ့တေ့ဖြစ်ချင်နေပြီ။သူသတိရလိုက်တာက ရဟတ်ပေါ်ကဆင်းဆင်းချင်း ထိုးအန်နေမိတာပဲ။ပြီးတော့ရိပေါ်က သူ့ကို တွဲခေါ်လာတာလား ထမ်းခေါ်လာတာလား မှတ်ဥာဏ်တွေက ရီဝေဝေ...

ရိပေါ်ကိုကျ အားနာစရာကြီး...

"ရှောင်းကျန့်နိုးပြီလား ကိုယ်ကော်ဖီဖျော်ထားတယ်"

တစ်ချက်ခေါင်းငြိမ့်ပြလိုက်တယ်။ပြီးတော့ သူ့အင်္ကျီသူငုံ့ကြည့်မှ ညဝတ်အင်္ကျီဝတ်ပြီးသားကြီး။ညက ဘာမှ မလုပ်နိုင်သည်အထိ ခေါင်းတွေ မူးနောက်သွားတာ။ဒါဆို ဒီအင်္ကျီက ရိပေါ်လဲပေးထားတာပေါ့။

ညက တော်တော်ကို အခြေအနေဆိုးသွားတာဖြစ်မယ်။

"အသားညှပ်ပေါင်မုန့်မှာပေးထားတယ် မျက်နှာသစ်ပြီးလာစားလှည့် ခင်ဗျားညကလည်း အစာမရှိဘဲ အိပ်သွားတာ"

ရေချိုးခန်းထဲဝင်လာသည်အထိ ခေါင်းက မူးနောက်နောက်ပဲ။အိပ်ချိန်တွေအရမ်းများသွားလို့ဖြစ်မယ်။ရှင်းစရာရှိတာ ရှင်းပြီးမှ သတိထားမိတယ်။

အင်း...ရိပေါ်က အတွင်းခံပါလဲပေးလိုက်တာလား?

မျက်နှာတည့်တည့် ရေနွေးကြိုင်ကြိုင်ဆူနဲ့ ပက်လိုက်သလိုခံစားလိုက်ရတယ်။တစ်ကယ်ကြီးရိပေါ်က အတွင်းခံပါလဲလိုက်တာလား သူမနေ့ကဝတ်ထားတာက အနီရောင်လေ အခုဘာလို့ အစိမ်းရောင်ကြီးဖြစ်နေတာလဲ။သြော် ဒီအတိုင်း သူအမှတ်မှားတာနေမှာပါ။အရောင်တွေက ခပ်ဆင်ဆင်တူနေတာကို။သူမနေ့က ဝတ်ခဲ့တာ အစိမ်းရောင်ဖြစ်မှာပါလေ။

ကြောင်တောင်တောင်ဖြစ်နေလို့ ရေအေးနဲ့ ရေချိုးပစ်လိုက်တယ်။တစ်ကယ်ကို ပရမ်းပတာ အခြေအနေကြီးပဲ။

"Shit!"

ခပ်တိုးတိုးကျိန်ဆဲပစ်လိုက်တယ်။သူ့မှာ လဲစရာအင်္ကျီမှပါမလာဘဲ။တဘက်တစ်ထည်ထဲနဲ့ပြန်ထွက်ဖို့ကျ မဖြစ်သေးပါဘူး။လက်ဆေးပြီးခါစ ရေဆိုနေတဲ့လက်တွေနဲ့ ဆံပင်တွေကို ဆွဲဖွပစ်လိုက်တယ်။

Summer Is for Falling in LoveWhere stories live. Discover now