_Uni Code
summer time of 2013,
Asbury of London*နွေရာသီရဲ့တစ်ခုသော ညနေခင်းမှာ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်။
.
.
.
"ဆိုင်ပိတ်နေပြီလား"လေတိုက်သံကြားထဲက ဝိုးတိုးဝါးတား အင်္ဂလိပ်စကားက တရုတ်သံကဲတယ်။ဖြူဖွေးစွတ်နေတဲ့အသားအရေနဲ့ အာရှသားဆန်တဲ့ မျက်နှာကျကြောင့် သူထင်တာမမှားရင် အဲ့ဒီလူက သူ့လိုတရုတ်လူမျိုးပဲဖြစ်လိမ့်မယ်။
ဆိုင်ရှေ့မှာရပ်နေတဲ့ ကောင်လေးက သူ့ကိုမျက်လုံးဝိုင်းတွေနဲ့ကြည့်တယ်။ဖရိုဖရဲကျနေတဲ့ ဆံပင်ရှည်တွေကို လေပြေအေးလေးက တစ်ချက်ဝေ့တိုက်ရင်း ကလူကျီစယ်ကြတယ်။အပြာဖျော့ရောင် ရှပ်အကျရဲ့အနားစလေး လွင့်သွားတာက တိမ်တွေပြေးတာနဲ့ ခပ်ဆင်ဆင်တူတယ်။
"ကိုယ် ဝင်လာလို့ရလား"
စူးစမ်းသလိုကြည့်လာတဲ့ မျက်ဝန်းနက်နက်တွေဟာ ပြုံးနေတဲ့ နှုတ်ခမ်းတွေနဲ့ သိပ်လိုက်ဖက်တယ်။
ခွင့်ပြုကြောင်းကို ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက်တော့ ရှူးဖိနပ်အဖြူလေးဟာ ဆိုင်ထဲကို လှမ်းလို့ စာအုပ်စင်တွေဘက်ကိုပဲ တရွေ့ရွေ့လျှောက်သွားတယ်။အနားကဖြတ်သွားတဲ့အခါ လီမွန်နံ့မွှေးတဲ့ ကိုယ်သင်းရနံ့လေးက လေထုထဲမှာ အငွေ့လေးအဖြစ် ကျန်နေခဲ့တယ်။
အတွေးစတွေကို ပြန်စုစည်းမှ အိုးနင်းခွက်နင်းကြောင်တောင်တောင်ကြီးရပ်နေမိတာကို ပြန်သတိရတယ်။ကောင်လေးကတော့ စာအုပ်တွေရွေးရင်း ဗျာများနေလေရဲ့...
တိတ်ဆိတ်ခြင်းဟာ အေးချမ်းခြင်းဆို ရှောင်းကျန့်က ကောင်လေးဆီမှာ အကြည့်တွေပို့ထားမိတယ်။တဂိုးကဗျာစာအုပ်ကိုဖတ်နေတဲ့ ကောင်လေးကတော့ သူ့ကိုသတိထားမိမှာတောင်မဟုတ်ဘူး။ဒါက ရှောင်းကျန့်ဘဝမှာ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ်စိတ်ဝင်စားမိခြင်းပဲ...
အနေအေးတဲ့ ရှောင်းကျန့်မှာ ဂရုစိုက်စရာအချက်တွေများများစားစားမရှိဘူး။စာအုပ်ဖတ်တာနဲ့ ပန်းချီဆွဲတာလောက်ပဲ သူက အာရုံစိုက်ဖြစ်တယ်။ရေမြေခြားဖြစ်တဲ့အတွက် သူ့မှာ စကားပြောစရာလူကလည်း ရှားရှားပါးပါးပဲ။
ESTÁS LEYENDO
Summer Is for Falling in Love