_Uni Code

*ကိုကိုက သူငယ်ချင်းမဟုတ်ဘူး
.
.
.
လမ်းတစ်ဝက်မှာတင် ဟိုတယ်ကိုသွားမယ့် လမ်းကြောင်းကို ရိပေါ်က သူ့အိမ်စီကိုပြောင်းပစ်လိုက်တယ်။ရိပေါ်ရဲ့ အိမ်ဆိုတဲ့နေရာက ခမ်းခမ်းနားနားပဲ။

ခြံဝန်းအကျယ်ကြီးရဲ့ နောက်မှာ အပြာရောင်လွင်လွင် နီမိုဖီလာပင်တွေရယ် အနီရောင်ပြေးတဲ့ အရွက်တွေနဲ့ မေပယ်လ်ပင်တွေရယ် နှင်းရည်အနည်းငယ်ဖုံးထားတဲ့ မြက်ခင်းစိမ်းစိမ်းတွေရှိတယ်။အပြာဖျော့ရောင်သုတ်ထားတဲ့ နှစ်ထပ်တိုက်ကြီးက နီမိုဖီလာတွေနဲ့တော်တော်ပနံသင့်တယ်။

"ကိုကို ခနလေးနော် ကိုယ်ရယ် သမီးလေးကိုပွေ့လိုက်အုံးမယ်"

ရိပေါ်က အိပ်ပျော်နေတဲ့ Chunhua လေးကို နောက်ခန်းထဲက ပွေ့ခေါ်လာတယ်။

ပါကေးခင်းထားတဲ့ အိမ်အတွင်းပိုင်းက အပြင်ကထက်တော့ပိုနွေးတယ်။အိမ်ထဲမှာက ပစ္စည်းတွေများများစားစားမရှိပဲ တန်ဖိုးကြီးပရိဘောဂတွေကိုပဲ တွေ့ရတယ်။

"သူငယ်ချင်းခေါ်လာတာလား"

ခပ်သြသြအသံကြောင့် ဘေးကိုကြည့်မိတော့စာအုပ်ဖတ်ရင်းပြောနေတဲ့ အမျိုးသားတစ်ယောက်ရဲ့အသံဖြစ်တယ်။အရှိန်အဝါမသေးတာမို့ ရိပေါ်ရဲ့ အဖေဖြစ်မယ်။

ဆံပင်ခပ်နက်နက်တွေကို ဂျယ်နဲ့သပ်တင်ထားပြီး အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားတယ်။တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေက ရိပေါ်နှုတ်ခမ်းတွေနဲ့ခပ်ဆင်ဆင်တူတယ်။နှာတံပေါ် လျော့ကျနေတဲ့ မျက်မှန်ကို လက်တစ်ဖက်နဲ့တွန်းတင်ရင်း မော့ကြည့်လာတော့ မျက်လုံးတွေထဲမှာ ထည်ဝါခြင်းတွေကိုတွေ့ရတယ်။

"ကိုကို က သူငယ်ချင်းမဟုတ်ဘူး"

နှုတ်ဆက်မလို့ရှိသေးတယ် ဆွဲခေါ်လာတဲ့ ရိပေါ်ကြောင့် ခပ်ယဲ့ယဲ့ပဲပြုံးပြခဲ့ရတယ်။ရိုင်းသွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးကြောင့် ရိပေါ်ကို မကျေမချမ်းကြည့်မိတော့ မျက်ခုံးတန်းတန်းတွေကြောင့် စိတ်ကိုလျှော့လိုက်ရတယ်။

ရိပေါ်နဲ့ သူ့အဖေဆက်ဆံရေးက အရင်လို အေးစက်စက်ပဲထင်ပါတယ်။

Summer Is for Falling in LoveTahanan ng mga kuwento. Tumuklas ngayon