_Uni Code
*ကိုယ့်ရဲ့ ခင်ဗျားက ချစ်စရာကောင်းလိုက်တာနော်
.
.
.
လန်ဒန်ခရီးရဲ့ သုံးရက်မြောက်ညနေခင်းမှာ နေသာတယ်။ပြာလဲ့လဲ့ကောင်းကင်မှာ တိမ်ဖြူမျှင်တွေက ဟိုတစ်စသည်တစ်စ...လွင့်နေတဲ့ တိမ်တွေကို ကော်ဖီဆိုင်ထဲကနေ ဓာတ်ပုံလှမ်းရိုက်လိုက်တယ်။ရိပေါ်နဲ့ သူနဲ့က အနီးအနားက ကော်ဖီဆိုင်မှာရောက်နေတာဖြစ်တယ်။ရှောင်းကျန့်က ပြတိုက်တစ်ချို့စီသွားဖို့ပြောပေမယ့် ရိပေါ့် ဇွတ်ငြင်းနေလို့ ရောက်တက်ရာရာပဲ လမ်းလျှောက်ထွက်လာဖြစ်တယ်။
"ခင်ဗျား တရုတ်ပြည်မပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ"
ကော်ဖီသောက်နေရင်းက ရိပေါ်ရဲ့အမေးကိုအာရုံစိုက်လိုက်တယ်။
"ခုနစ်နှစ်လောက်ပေါ့"
ရှောင်းကျန့် အသက် ၁၅ နှစ်...
အဲ့ဒီအချိန်ကတည်းက လန်ဒန်ကိုပြောင်းလာဖြစ်တာပဲ။အကြောင်းအရင်းက မိဘချင်း ပြဿနာတစ်ချို့ရယ်။အဘိုးနဲ့အဘွားရဲ့ ဖေဖေ့အပေါ်အမြင်မကြည်မှုတွေကြောင့်ဖြစ်တယ်။ပညာဂုဏ်မက်တဲ့ အဘိုးတို့က ဖေဖေ့လို အိပ်မက်တွေတစ်ပွေကြီးနဲ့ စိတ်ကူးယဥ်ဆန်တဲ့ မထင်မရှားကဗျာဆရာပေါက်စလေးကိုအထင်မကြီးကြဘူး။
ရှောင်းကျန့်က ဖေဖေ့ကိုချစ်ပါတယ်။ဒါပေမယ့် ဝါသနာကိုပိုချစ်တဲ့ဖေဖေက မိသားစုနဲ့နွေးနွေးထွေးထွေးမှ မရှိဘဲ။အိမ်ကထွက်လာတုန်းကတောင် စီးကရက်လေးသောက်ရင်း အေးအေးဆေးဆေးကြည့်နေခဲ့သေးတာ။
"ဘယ်မှာနေတာလဲ"
"ချုံချင်မှာ"
"ကိုယ်က ပေကျင်းမှာနေတာ"
"သြော်"
ဇာတိမြို့တွေအကြောင်းပြောမှသတိရတယ်။ရိပေါ်ရော ဘယ်နေ့ပြန်မှာလဲ မသိဘူး...
ဒီအကြောင်းတွေးရင် ဘယ်ဘက်ရင်အုံက စစ်ခနဲနာတယ်။ဒါပေမယ့် မေ့ထားသင့်တဲ့ကိစ္စမဟုတ်လို့ ပိုသေချာအောင် ရိပေါ်ကိုကြိုမေးထားလိုက်တယ်။
"မင်း ဘယ်နေ့ပြန်မှာလဲ"
"ဟော ခင်ဗျားက ကိုယ့်ကို ပြန်စေချင်နေလား"
YOU ARE READING
Summer Is for Falling in Love