_Uni Code
"ကိုယ်က ခင်ဗျားအပိုင် ခွေးပေါက်လေး"
.
.
.
ဒီနေရဲ့ အအေးဓာတ်က အရင်နေ့တွေထက်ပိုတယ်။တမင်တကာ ဖွင့်ထားမိတဲ့ ပြတင်းပေါက်စီက လေအေးတွေကြောင့် အပြာရောင် ခန်းစီးလေးက ဟိုဒီလွင့်တယ်။ရိပေါ်ရှိရှင်တော့ ပြတင်းတံခါးကိုပိတ်ရင်း ဆူနေအုံးမယ်ထင်တယ်။ခံစားချက်တွေနွေးလာလို့ ပန်းချီကားမှာ အဝါရောင်ကိုရောတယ်။အဝါရောင်က ပျော်ရွှင်ခြင်းတဲ့။ရှောင်းကျန့်ကတော့ အဝါရောင်ကို အစိမ်းရောင်နဲ့တွဲခြယ်တယ်။ရှောင်းကျန့်သတ်မှတ်ထားတဲ့ ချစ်ခြင်းတရားရဲ့အရောင်က အစိမ်းရောင်ဖြစ်တယ်။
လှလှပပ အဆုံးသတ်သွားတဲ့ ပန်းချီကားမှာ နေဝင်ချိန်ရဲ့ အဝါရောင်တိမ်တွေနဲ့ တောအုပ်စိမ်းစိမ်းတွေရှိတယ်။ကင်းဗက်စအောက်ဆုံးမှာ Sean Xiao ဆိုတဲ့ လက်မှတ်လေးရေးပြီး အခန်းထောင့်မှာထောင်ထားတယ်။ရိပေါ်ပြန်လာရင် ကြွားရမယ်လို့တေးထားလိုက်တယ်။
ကားဖီခါးခါးတစ်ခွက်ကိုဖျော်ရင်း ခြံထဲသွားဖို့တွေးတယ်။ဟွားငယ်လေးက စန္ဒယားသင်နေတုန်းဖြစ်တယ်။စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကိုယူပြီး ရှောင်းကျန့်က ခပ်ဖြေးဖြေးခြေလှမ်းလှမ်းတယ်။
"ရှောင်းကျန့်"
အသံကအေးစက်တယ်။တိုရှင်းရှင်းနဲ့ပြတ်တယ်။ပန်းခြံထဲမှာ ထိုင်နေတဲ့ ရိပေါ်ဖေဖေက ဝိုင်တစ်ခွက်ကိုင်ရင်း လာထိုင်ဖို့ခေါ်တယ်။
"ဟုတ်ကဲ့ပါ အန်ကယ်"
ကိုင်ထားတဲ့ ကော်ဖီခွက်နဲ့ စာအုပ်ကို စားပွဲပေါ်ချရင်း အကြည့်စုံတော့ နှုတ်ခမ်းပြေပြေတွေနဲ့ အမျိုးသားက မသိမသာပြုံးတယ်။
"အကြိုက်က ထူးဆန်းသားပဲ စစ်ပွဲတွေအကြောင်းလား"
စားပွဲပေါ်က Crusages Wars(ခရူးဆိတ် စစ်ပွဲ)တွေအကြောင်းရေးထားတဲ့ စာအုပ်ကိုကြည့်ရင်းပြောတာ ဖြစ်မယ်။ရှောင်းကျန့်က စာအုပ်မျက်နှာဖုံးကို ခပ်ဖွဖွပွတ်သပ်ရင်း ခပ်ဖြည်းဖြည်းခေါင်းငြိမ့်တယ်။
"မင်းဘယ်လိုထင်လဲ"
"စစ်ပွဲတွေကိုလား အန်ကယ်"
JE LEEST
Summer Is for Falling in Love