_Uni Code
*ကိုယ့်ကိုယုံ
.
.
.
"ဆိုတော့ ခင်ဗျားရဲ့ နောက်ထပ်နာမည်က Theo ပေါ့""အင်း"
"ဘာအဓိပ္ပါယ်လဲ"
"မသိဘူးလေ အဖိုးပြောတာတော့ Theo ဆိုတာက ဘုရားသခင်ရဲ့လက်ဆောင်ဆိုတာမျိုး"
တိမ်တွေကိုကြည့်ရာကနေ ကော်ဖီတစ်ငုံသောက်ရင်း ရှောင်းကျန့်ကပြန်ဖြေတယ်။နေအေးတဲ့ညနေခင်းဖြစ်လို့ ရောက်တက်ရာရာပြောရင်း လမ်းလျှောက်လို့ကောင်းတဲ့အခြေအနေပဲ။
"ကိုယ်ကတော့ ရှောင်းကျန့်ဆိုတာကို ပိုသဘောကျတယ်"
ရှောင်းကျန့်မှာ သူ့ရဲ့တရုတ်နာမည်ကို ခေါ်တဲ့သူက ခပ်ရှားရှားပဲ။လန်ဒန်ရောက်ပြီး နောက်ပိုင်းတော့ Theo ဆိုတဲ့နာမည်ကိုပဲပိုသုံးဖြစ်သွားတယ်။ဒါပေမယ့် ရှောင်းကျန့်ကတော့ ငယ်ငယ်ကတည်းက ဖေဖေပေးထားတဲ့ တရုတ်နာမည်လေးကိုပဲ ပိုသဘောကျပါတယ်။
သိမ်းမြစ်ဘေးကနေ လမ်းလျှောက်နေလို့ လေတွေကတဖြူးဖြူးတိုက်တယ်။အချိန်က လေးနာရီစွန်းစွန်းလောက်ရှိလောက်မယ်။ရိပေါ်နဲ့ သူနဲ့က Big Ben နာရီစင်နဲ့ အနီးနားက ပန်းခြံတစ်ခုစီသွားမယ်လို့တွေးရင်းလာခဲ့တာဖြစ်တယ်။
"ဒီဆံပင်တွေတော့ နောက်နေ့မှ ညှပ်ရမယ်"
နှဖူးပေါ်ဝဲကျနေတဲ့ ဆံပင်စတွေကို လက်နဲ့သပ်ရင်း ရိပေါ်က ခပ်တိုးတိုးကျိန်ဆဲတယ်။သူ့လက်ထဲက ကြိုးအသေးလေးနဲ့ ဆံပင်တွေကို ရအောင်စုစည်းနေပေမယ့် လေတွေတိုက်နေလို့ ခပ်ဖွာဖွာ ဆံပင်စတွေက လွင့်ချင်တိုင်းလွင့်နေကြတယ်။
"လာ ငါလုပ်ပေးမယ်"
လက်ထဲက ကြိုးလေးကို ဆွဲယူလိုက်တော့ ရိပေါ်က ကြောင့်စီစီပြန်ကြည့်တယ်။
"မညှပ်ပါနဲ့ မင်းက ဒီပုံစံလေးနဲ့လိုက်ပါတယ်"
လက်ထဲက ကြိုးအမဲလေးကို ရှောင်းကျန့်က ဆွဲယူရင်း ရိပေါ်ရဲ့ နောက်ကျောဘက်မှာ နေရာဝင်ယူတယ်။ဆံပင်တွေကို သိမ်းပေးနေတဲ့ ရှောင်းကျန့်လက်ဖျားအေးစက်စက်တွေက လည်ကုတ်ကိုလာထိတော့ ရိပေါ်မျက်နှာကပြုံးစိစိ။ပန်းချီဆွဲတဲ့ အနုပညာသမားမို့ဖြစ်မယ် လက်ချောင်းတွေက နူးညံ့လွန်းတယ်။
CZYTASZ
Summer Is for Falling in Love