_Uni code

*ဒါဆို ရှောင်းကျန့်က ချစ်ဖူးလားဟင်
.
.
.
ယူစတန်မှာ ရိပေါ်တည်းဖြစ်တဲ့အိမ်လေးဟာလည်း ဘူတာရုံနဲ့ မလှမ်းမကမ်းမှာရှိတယ်။လမ်းကျဥ်းလေးထဲဝင်သွားပြီး လမ်းမီးတိုင်မှိမှိန်အောက်မှာ လမ်းလျှောက်နေရင်း နွေရာသီရဲ့ ညခင်းလေအေးလေးက အနီးနားကဖြတ်တိုက်သွားကြတယ်။

"ရှောင်းကျန့် ဗိုက်ဆာနေပြီလား"

ခပ်ဖြေးဖြေးခေါင်းခါပြတဲ့ အခိုက်အတန့်မှာ နဖူးပေါ်က ဆံပင်တွေ ဟိုဒီဝဲသွားကြတယ်။ဝါကျင်ကျင်အလင်းရောင်အောက်မှာ ရှောင်းကျန့်ရဲ့ မျက်နှာသွယ်သွယ်ကို ဘေးတိုက်အနေအထားနဲ့ငေးနေရတာလည်း သိပ်လှတယ်။

"ရိပေါ်က တစ်ယောက်ထဲနေတာလား"

"ကိုယ်က ခဏငှားတာဆိုတော့ ဘယ်လိုပြောရမလဲ အောက်ထပ်မှာတော့ အိမ်ရှင်အဘိုးတစ်ယောက်ရှိတယ်"

"သြော်..."

သံရှည်ဆွဲပြီး အဆုံးသတ်သွားတဲ့ စကားသံလေးကြောင့် ရိပေါ်ပြုံးလိုက်တယ်။ဒီတစ်နေ့ညတော့ အဲ့ဒီအခန်းလေးထဲမှာ ရှောင်းကျန့်နဲ့ နှစ်ယောက်နေရလိမ့်မယ်။ကုတင်တစ်ခုထဲရှိတဲ့အကြောင်းကိုတော့ ရောက်မှပဲပြောပြတော့မယ့် မဟုတ်ရင် ရှောင်ရှောင်းကျန့်က လှည့်ပြန်ချင်ပြန်နေမှာ။

ဒါက မြေခွေးလေးတွေကိုချစ်တဲ့ ရိပေါ်ရဲ့ ဥာဏ်များမှုသေးသေးလေးပဲ။

"ရှူး...တိုးတိုး"

ဧည့်ခန်းထဲမှာ တီဗီကြည့်ရင်း အိပ်ပျော်နေတဲ့ အဘိုးဟင်နရီ နိုးမသွားအောင် ခြေသံဖွလျှောက်ပြီး သစ်သားလှေကားအတိုင်းရိပေါ်ရဲ့ အပေါ်ထပ်အခန်းလေးစီကိုတက်ခဲ့တယ်။

ပရိဘောဂတစ်ချို့နဲ့ ဝရံတာသေးသေးလေးတစ်ခုရယ်ရှိပြီး ခဲရောင်ဖျော့ဖျော့သုတ်ထားတဲ့ အခန်းကျဥ်းလေးဟာ သိပ်သပ်ရက်တယ်။စားပွဲပေါ်မှာ ဖတ်လက်စလို့ထင်ရတဲ့ စာအုပ်တစ်အုပ်ကို မှောက်ချထားတယ်။ရှေးဟောင်းသစ်သားနာရီဟာ နရံပေါ်မှာနေရင်း စက်သံကျယ်ကျယ်မြည်နေတယ်။

"ကိုယ် ညစာ လုပ်ပေးမယ် ဘာစားချင်လဲ"

"ကော်ဖီတစ်ခွက်လောက်ဆို ရပါတယ်"

Summer Is for Falling in LoveOnde histórias criam vida. Descubra agora