_Uni Code

*ကိုကို...
.
.
.
လန်ဒန်ကပြန်လာပြီးနောက်ပိုင်းတော့ ရိပေါ်က ရှောင်းကျန့်နဲ့ပဲ တကပ်ကပ်နဲ့။ယူစတန်လည်းမပြန်သလို ဝှစ်တနီမှာပဲ ​ပေကပ်နေနေတယ်။ရိပေါ်အိမ်မပြန်ဖြစ်တဲ့အကြောင်းအရင်းတွေက မျိုးစုံပဲ...

'ရှောင်းကျန့် ကိုယ်ခင်ဗျားအိမ်မှာ ဘောပင်ကျန်ခဲ့လို့ လိုက်ယူမယ်'

'အား ဗိုက်နာလို့ ရှောင်းကျန့် အိမ်လိုက်ခဲ့အုံးမယ်'

'ဟို အိမ်မှာ ရေမလာလို့ မပြန်တော့ဘူး'

ရိပေါ်အိမ်မှာ လာနေတဲ့တစ်လျှောက်တော့ ရှောင်းကျန့်အတွက်က ကော်ဖီဖျော်တဲ့အလုပ်တစ်ခုလျော့သွားတယ်။အဲ့ဒီအစား ရိပေါ်နဲ့ ကျင်းကော်ရဲ့ ရန်ပွဲတွေကို သူကလိုက်ရှင်းပေးနေရတယ်။

အခုဆိုကျင်းကော်က ရိပေါ်ကိုအမြင်ကတ်လို့ ညတောင်အိပ်ပြန်မအိပ်တော့ဘူး။

"ရှောင်းကျန့် လာ ဒီမှာကြည့်"

ဝရန်တာစီက အသံစာစာကိုကြားတော့ ကြော်လက်စကြက်ဥကို ပစ်ထားပြီးအပေါ်ထပ်ကိုပြေးတက်ရတယ်။နမော်နမဲ့ကောင်လေးက ဘာတွေလျှောက်လုပ်ထားပြန်ပြီလဲမသိဘူး။

"ဘာဖြစ်တာလဲ"

"ဒီမှာကြည့်လေ ကိုယ်ဆွဲထားတာ ခင်ဗျားပုံ"

ပုံပျက်ပန်းပျက် လူမျက်နှာပုံကိုကြည့်ကြီး ရှောင်းကျန့်ထိုင်ငိုချင်သွားတယ်။သူ့မျက်နှာလေးက ရိပေါ်ပုံထဲကထက်တော့ချောပါသေးတယ်။ရိပေါ်ဆွဲထားတဲ့ထဲ သူနဲ့တူတာဆိုလို့ ရှေ့သွားကြီးကြီးလေးနဲ့ မှည့်နက်လေးပဲရှိတယ်။

"ကျစ် ငါ့ပစ္စည်းတွေလျှောက်မကိုင်ပါနဲ့ဆို"

"ရှောင်းကျန့်ကလည်း ခင်ဗျားက ကိုယ့်ကိုဆို အကောင်းလည်းမပြောဘူး"

"မင်းလုပ်တာထဲ ကောင်းတာမှမရှိဘဲ"

စူအောင့်အောင့်နဲ့ အကြည့်လွှဲတော့ ရှောင်းကျန့်ကပဲ ခေါင်းခါရတယ်။ရိပေါ်က သူနဲ့ဆို ကလေးဆန်လိုက်တာ။

လန်ဒန်မှာဖြစ်ခဲ့တဲ့ အနမ်းတစ်ခုအကြောင်းကိုတော့ နှစ်ယောက်လုံးမေ့မေ့ဖျောက်ဖျောက်ထားကြတယ်။ရိပေါ်စီက အားနာတဲ့အရိပ်အယောင်တွေပြမလာလို့ ရှောင်းကျန့်ကလည်း ထူးပြီး အဖြစ်သည်းမပြနေတော့ဘူး။

Summer Is for Falling in LoveWhere stories live. Discover now