_Uni Code
*မင်းကို...
.
.
.
ခဏပဲနေမယ်ပြောတဲ့ ရိပေါ်က ရှောင်းကျန့်အိမ်မှာ နှစ်လလောက်သောင်တင်နေတယ်။တစ်နည်းအားဖြင့်နွေရာသီသုံးလနီးပါးလောက် ရိပေါ်က ရှောင်းကျန့်နဲ့အတူ ရှိနေတာဖြစ်တယ်။အစကမတည့်တဲ့ ကျင်းကော်တောင် ရိပေါ်ကို တွေ့တိုင်းလိုက်မကိုက်တော့ဘူး။
ရိပေါ်နဲ့ အတူရှိဖြစ်တဲ့ နွေရာသီနေ့တွေဟာ သိပ်လှပါတယ်။ရထားပေါ်မှာ တူတူထိုင်ရင်း ရောက်တက်ရာရာတွေပြောရင်ပြောမယ်။ပန်းချီဆွဲနေတဲ့ သူ့ကို ရိပေါ်က ခပ်ပြုံးပြုံးငေးမယ်။တိမ်တွေကြည့်လို့ သိပ်လှကြောင်းပြောရင် ငနာလေးက"ကိုကို့လောက် ဘယ်လှမလဲ"ဆိုတဲ့ အီစီကလီစကားတွေဟာလည်း ရှောင်းကျန့်ကြားဖူးနေကြတွေဖြစ်တယ်။
"ကိုကို နောက်ဆုံးတစ်စိပ်က ကိုယ်စားမှာနော်"
လင်ဗန်းထဲက ဖရဲသီးစိပ်ကို မေးဆတ်ပြရင်းပြောတော့ ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်တယ်။ပေါင်ပေါ်မှာ လှဲနေတဲ့ ရိပေါ်က သူ့ကိုပြုံးလို့ငေးနေတယ်။
"ထစားလေ ရိပေါ် နင်နေမယ်"
"ဟင့်အင်း ကိုယ်က ခင်ဗျားပေါင်ပေါ်နေချင်လို့"
"အေးပါ"
ရိပေါ်ကို လစ်လျူရှုလို့ စာဖတ်ခြင်းအလုပ်ကိုဆက်လုပ်လိုက်တယ်။ဒါပေမယ့် ရိပေါ်ရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးမှုကိုတော့ မရပ်တန့်ခဲ့ပါဘူး။
"အိုက်ယား ပြန်လာပြီလား"
ဘေးနားမှာ လာကပ်လာတဲ့ ကျင်းကော်ကိုပေါင်ပေါ်ကောက်ပွေ့လိုက်တယ်။ဒါကိုကျေနပ်ပုံမရတဲ့ရိပေါ်က အသံထွက်လို့ဆူအောင့်တယ်။ကျင်းကော်ကတော့ ရိပေါ်ရဲ့ ပြန့်ကျဲနေတဲ့ ဆံပင်စတွေပေါ် အေးအေးဆေးဆေးတက်ခွေနေပြီ။
"ရှောင်းကျန့်"
"အေး"
"ကိုယ်နဲ့ ကျင်းကော် ခင်ဗျားဘယ်သူ့ကိုပိုချစ်လဲ"
မျက်စိရှေ့ကစာအုပ်ကို ဘေးကိုရွှေ့ပြီး ရိပေါ်ကိုကြည့်တော့ သူက အရောင်တောက်တောက် မျက်လုံးတွေနဲ့ကြည့်နေလေရဲ့။ဆွဲငင်ခြင်းတစ်ချို့တွေပါတဲ့ အကြည့်တွေမှာ ရင်ခုန်ခြင်းတွေကပ်ပါလာတယ်။
YOU ARE READING
Summer Is for Falling in Love