Zawgyi ( MerMan )
episode - 22jungkook ကငယ်ငယ်တည်းက ကလေးချစ်တက်သည် ။ သူ့အိမ်မက်က ပြည့်စုံတဲ့မိသားစုလေးတစ်ခုတည်ထောင်နိုင်ပီး ပျော်ပျော်ရွှင်ရွှင်နေဖို့ ၊ သူ့အဖေလို သေဆုးံတဲ့အချိန်ထိတောင် နာကျင်သွားရတဲ့သူ သူမဖြစ်ချင်ခဲ့ဘူး၊ သူရဲ့ရှိလာမဲ့ သားသမီးတွေကိုအချစ်ကိုညီတူညီမျှပေးပီး ဆိုးရင် ဆုးံမမယ် လိမ္မာရင် ဆုချမယ် ၊ ဒါကသူ့ရဲ့နှလုးံသားအောက်ခြေမှာဖုးံကွယ်ထားတဲ့ ဘဝရဲ့ရည်ရွယ်ချက်လေးတစ်ခု ။
ကောင်လေးနဲ့စတွေ့တော့ စစကအပျော်ပေမဲ့ သူ seokjin ကိုအတည်ချစ်မိသွားတော့ ကလေးရှိချင်တယ့်အိပ်မက်ကို jungkook စွန့်လွှတ်လိုက်သည် ။ ဒီနေ့ခေတ်မှာလွယ်မွေးမှကလေးမဟုတ်ဘူးလေ ၊ နည်းလမ်းပေါင်းမြောက်များစွာနဲ့ကိုယ်ပိုင်သွေးသားရအောင်လုပ်လို့ရသည် ။ သို့ပေမဲ့လည်း အခု mary မှာသူ့သွေးသားလေးရှိနေတာသိသွားတော့ သူမပျော်ဘူးလို့ပြောရင် လိမ်ရာကျလိမ့်မည် ။
မိခင်ကိုသဘောမကျပေမဲ့ ဗိုက်ထဲကကလေးကတော့အပြစ်မရှိဘူးလေ ၊ ပီးတော့ ဒါကမထိန်းချုပ်နိုင်ခဲ့တဲ့သူ့ရဲ့အမှားတစ်ခုဘဲ !! jungkook ကဒီလိုတွေးနေပေမဲ့ seokjin ကတော့မျက်မှောင်ကြုံ့သွားသည် ။
" အစ်ကို mary ကလေးကအစ်ကိုသွေးသားမဟုတ်ဘူး "
စားပွဲကိုခေါက်နေတဲ့ jungkook လက်တွေကချက်ချင်းရပ်တန့်သွားပီး ၊ သူက seokjin ကိုနားမလည်နိုင်စွာစိုက်ကြည့်လိုက်သည် ။
" ဒါဘာအဓိပ္ပါယ်လဲ "
seokjin ရဲ့မျက်ဝန်းတွေက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည် ။ သူကကလေးရဲ့သွေးစီးဆင်းမှု့နဲ့သွေးခုန်နှုန်းကိုကြားနေရပါတယ်လို့ပြောရင် ဒီကိစ္စကြီးကထူးဆန်းသွားမယ်ထင်တယ် ၊ ဒါပေမဲ့ သူဒီအတိုင်းပြောလိုက်ရင်လည်း jungkook ကယုံမှာမဟုတ်ဘူး !! သူကအစောတည်းက mary ဗိုက်ထဲမှာကလေးရှိနေတာကို သီပီးသား ၊ သို့ပေမဲ့ သူမခန့်မှန်းခဲ့မိသည့်က mary က jungkook ကိုကလေးအဖေဆိုပီးလက်ညိုးထိုးလိုက်မည်ကိုဘဲ !!
လူသားလောကက သူယုတ်မာတက်တာထက်တောင်ပိုပီးယုတ်မာကောက်ကျစ်ကြတာဘဲ //
" အစ်ကို ကျွန်တော့်ကိုယုံမှရမယ် ၊ ကလေးကအစ်ကို့နဲ့ဘာမှမဆိုင်ဘူး .. "
YOU ARE READING
MerMan | Jinkook [ MM ]
ParanormalI fell into the mire of love and I will try to escape to the end !! Sacrifice is my life and even if the pain is in my heart, I will seek liberation !! Love is a small group compared to my pride !! [ My Own Creation This Is Not Myanmar Trans ]