MerMan - 29

663 111 47
                                    

Zawgyi


ဝှီးချဲပေါ်မှာထိုင်ရင်း ဂျီယော့ရဲ့အကြည့်တွေက အဝေးတစ်နေရာကိုငြိမ်သက်စွာကြည့်နေသည့်အစ်ကိုဆီမှာဘဲဂျောက်ချထားလေသည် ။ အစ်ကိုကဆေးရုံကခုံတန်းလေးမှာထိုင်နေရင်း လောကနဲ့ခဏလောက်အဆက်ပြတ်နေဟန်ရှိသည် ။ ဒါကြောင့်သူလည်းတိတ်တိတ်ဆိတ်ဆိတ်လေးနေပေရင်း ဆေးရုံတက်ရတိုင်းအမြဲနေနေရတဲ့ အခန်းလေးကိုလှမ်းကြည့်လိုက်သည် ။


လိုက်ကာတွေနဲ့ပိတ်ကာထားတဲ့အခန်းလေးက လူမရှိလို့မှောင်မဲနေ၏ ။


ငယ်စဉ်တည်းကသွေးကင်ဆာဖြစ်နေတဲ့သူ့ကို မိဘတွေကလိုလေသေးမရှိဖြည့်စည်းပေးရင်း ရောဂါကိုအန်တုရင်းကြီးပြင်းလာအောင်ပြုစုပျိုးထောင်ပေးခဲ့သည် ။ မိဘတွေဆုံးသွားတော့လည်း တစ်ဦးတည်းရှိတဲ့အစ်ကိုက မိဘလုပ်ငန်းတွေကိုဆက်ခံရင်းသူ့ကိုလည်းမျက်စိအောက်ကအပျောက်မခံအရိပ်တစ်ကြည့်ကြည့်နဲ့စောင့်ရှောက်ပြန်သည် ။ အခုတော့အစ်ကို့ကိုချစ်လို့ယူထားတဲ့ယောက်ဖကပါ သူ့ကိုကလေးလေးတစ်ယောက်လို့ဆက်ဆံကာအမြဲသူ့ဘက်မှာရှိနေပေးသည် ။


သို့ပေမဲ့သူ့အနားမှာ သူလိုချင်ခဲ့တဲ့လူဘယ်တုန်းကမှမရှိဖူးခဲ့ ၊ အစ်ကိုနဲ့မတွေ့ခင်ထိပေါ့ အစ်ကိုကသူလိုအပ်နေတဲ့အချိန်မှာတိုက်ဆိုင်စွာရောက်လာပီ မကြိုးစားပါဘဲနဲ့သူ့ရဲ့ချည်နဲ့နေတဲ့နှလုံးသားလေးကိုပါခိုးယူသွားတယ် !!


သူကသေတော့မှာ ၊ ဒီနေ့လားနောက်နေ့လားမသိသလို အခုချက်ချင်းလည်းသေသွားနိုင်တာဘဲ ၊ ဒီရောဂါကြောင့်လူတွေအများကြီးသေနေတဲ့အချိန်မှာ သူက 19 ကြီးများတောင်အသက်ရှင်ထိုင်ထားပီးပီးလေ ၊ သူကျေနပ်ပါပီ ဒါတွေကအစ်ကိုနဲ့မတွေ့ခင်တုန်းကအတွေးတွေပေါ့ ။ အခုတော့ သူဘုရားနဲ့အတိုက်အခံလုပ်ပီး အစ်ကို့အနားမှာရှိနေချင်သည် အထူးသဖြင့်တော့အစ်ကို့ရဲ့မျက်ဝန်းတွေကဝမ်းနည်းမှု့တွေနဲ့ပြည့်နှက်နေချိန်မှာ ..


ငယ်စဉ်တည်းက ကျောင်းဆိုတာဘာလည်းသူမသိခဲ့ ၊ ကလေးတွေဆော့နေကြတဲ့ ကစားကွင်းဆိုတာမျက်လုံးနဲ့ဘဲကြည့်ခဲ့ရတဲ့အရာတွေ ၊ အိမ်ကျောင်းတက်ပီး အမြဲဆေးရုံတင်ထားရသည်မို့ အိမ်မှာရှိနေသည့်အချိန်တွေမှာလည်းသူကအိပ်ရာထဲမှာနေနေရသည်ကများသည် ။သို့ပေမဲ့ သူဒီအရာတွေအတွက်ဘယ်တုန်းကမှဝမ်းမနည်းခဲ့ !! ဒါတွေကိုစွန့်လွှတ်လိုက်ရသည့်အတွက် ဘုရားကသူ့ကိုကောင်းမွန်တဲ့မိသားစုနဲ့ ဘဝကိုပေးထားသည်လေ ..


 MerMan | Jinkook [ MM ]Where stories live. Discover now