Zawgyi
ဆေးရုံလျှောက်လမ်းတွေမှာ သွားလာနေတဲ့လူတွေရှိနေပေမဲ့လည်း အသံတွေကတော့တိတ်ဆိတ်နေ၏ ။ လူတိုင်းရဲ့မျက်နှာက ဝမ်းနည်းမှု့တွေနဲ့သာပြည့်နေကာ မျက်ဝန်းတွေထဲမှာတော့ မိသားစုတွေကိုဆွဲငင်ယူသွားမည့် ဒီရောဂါဆိုးတွေကနေ လွတ်မြောက်ချင်စိတ်တွေသာတွေ့နေရသည် ။
ဆေးရုံအပြင်ဘက်ခုံတန်းမှာထိုင်နေတဲ့ seokjin လူတွေမျက်နှာတွေကိုကြည့်နေရင်းမှ သက်ပြင်းဖွဖွချလိုက်သည် ။ အနည်းငယ်နီရဲနေတဲ့နှာခေါင်းကိုပွတ်လိုက်ရင်း လက်ကနာရီကိုငုံ့ကြည့်လိုက်သည် ။ အချိန်က ရွေ့တာနှေးနေပေမဲ့လည်း ထိုင်နေသည်မှာတော့တော်တော်လေးကြာလှပီ !!
ထိုစဉ် သူထိုင်နေတဲ့ခုံတန်းဘေးကို ကလေးမလေးတစ်ယောက်ရောက်ချလာသည် ။ ထိုကလေးက အသက် 4 နှစ် 5 နှစ်လောက်သာရှိမည့်ပုံပေါ်ပီး ဂါဝန်အဖြူ လေးကိုဝတ်ထားကာ ရွှေအိုအောင်ဆံပင်တိုတိုလေးကို ထိပ်မှာစုစည်းထားပီး ဦးထုတ်အနီအသေးလေးဆောင်းထားသည် ။ ထိုဦးထုတ်အောက်ကနေ ပြူ ထွက်နေတဲ့ကလေးရဲ့ မျက်ဝန်းကြီးကြီးလေးနဲ့ ဖြူ အုအုမျက်နှာလေးကတော့ အလွန်ကိုချစ်ဖို့ကောင်းလှ၏ ။ ဘေးဘီကြည့်လိုက်တော့ ကလေးနဲ့အတူဘယ်သူမှပါမလာပေ ၊ ဆေးရုံလာတဲ့မိသားစုတစ်စုစုက ကလေးလေးဖြစ်နိုင်တာကြောင့် seokjin ပြုံးပြလိုက်သည် ။
သို့ပေမဲ့လည်း ကလေးမလေးရဲ့မျက်ဝန်းကြီးကြီးတစ်စုံကသူ့ကိုသာ မျက်တောင်မခတ်ကြည့်နေပီး တစ်ခုခုပြောချင်ဟန်ရှိတာကြောင့် seokjin ပြုံးရင်းမှ စနှုတ်ဆက်လိုက်လေသည် ။
" ကလေးလေး ထိုင်ချင်လို့လား "
ကလေးမလေးက ခေါင်းကိုထပ်ခါထပ်ခါငြိမ့်ပြရင်း ကျိုးနေသည့်အရှေ့သွားလေးတွေပေါ်သည့်အထိရယ်ပြလာပီး လက်တိုတိုလေးနှစ်ဖက်ကိုဆန့်တန်းလာတော့ seokjin ခါးမတ်မတ်ထိုင်နေရာကနေအနည်းငယ်ကုန်းရင်း ကလေးမလေးကိုပွေ့ချီပီး ခုံပေါ်တင်ပေးလိုက်သည် ။ ကလေးမလေးက ဝတ်ထားသည့် ဂါဝန်အိတ်ထဲကနေ သကြားလုးံလေးထုတ်ပေးလာတော့ ယူလိုက်ရင်းကလေးမလေးရဲ့ခေါင်းကို သူခပ်ဖွဖွပုတ်ပေးလိုက်သည် ။ ခဏအကြာ ကလေးမလေးက သိပ်မပီသသေးတဲ့လေသံနဲ့ ပြောလာသည် ။
YOU ARE READING
MerMan | Jinkook [ MM ]
ParanormalI fell into the mire of love and I will try to escape to the end !! Sacrifice is my life and even if the pain is in my heart, I will seek liberation !! Love is a small group compared to my pride !! [ My Own Creation This Is Not Myanmar Trans ]