ZAWGYI ( episode - 14 )
MerManမိုးအေးအေးနဲ့ ချမ်းစိမ့်စိမ့်ရာသီဥတုကြောင့် seokjin ကရေနွေးတစ်ခွက်သောက်နေရင်း သူ့ရဲ့မက်ပွန်ပွင့်မျက်ဝန်းလေးကိုပိတ်ချလိုက်ကာ ထိုင်ခုံပေါမှာမှီထိုင်ပီး ခန္တာကိုယ်တစ်ခုလုးံကို လျောချလိုက်သည် ။ သူ့ရဲ့ခြေချောင်းတွင်က ကြမ်းပြင်ကို တစ်တောက်တောက်နဲ့ခေါက်နေပီး စိတ်မရှည်ဟန်လေးလည်းရောနေကာ စိတ်လှုပ်ရှားမှု့ကြောင့် သူ့ရဲ့နှုတ်ခမ်းတွေက အနည်းငယ်တုန်ရီနေသည် ။
အပေါထပ်ကိုတက်လာတဲ့ မနှေးမမြန်ခြေသံကြောင့် seokjin ကမျက်ဝန်းတွေကိုပြန်ဖွင့်လိုက်ပီး အနောက်ကိုချက်ချင်းလှည့်ကြည့်လိုက်ပေမဲ့ စောင့်နေတဲ့သူမဟုတ်တာမို့ ကွေးနေသည့်သူ့နှုတ်ခမ်းလေးက တည်သွားတဲ့မျက်နှာနဲ့အတူ ခပ်တင်းတင်းလေးဖြစ်သွားကာ သူက စိတ်မရှည်သည့်လေသံနဲ့ ပျင်းပျင်းရိရိလေးမေးလိုက်သည် ။
" ဘာကိစ္စရှိလို့လဲ .. "
mary ကမေးတာကိုပြန်မဖြေဘဲ seokjin ထိုင်နေသည့် sofa မျက်နှာချင်းဆိုင်မှာ ခြေပေါခြေချိတ်ဝင်ထိုင်လိုက်ပီး နှုတ်ခမ်းကိုအုပ်ကာ ခပ်ဖွဖွလေးရယ်လိုက်ပီးမှ သူက ခနဲ့တဲ့တဲ့အသံနဲ့ပြန်ဖြေလိုက်သည် ။
" မင်းကို တို့ကဘာလို့ဖြေရမှာလဲ ၊ ဒါက မကြာခင်တို့အမျိုးသားနဲ့ တို့ရဲ့အိမ်ဖြစ်တော့မှာလေ .. "
မှေးစင်းထားတဲ့ seokjin ရဲ့မျက်ဝန်းတွေက ရယ်မြူးရိပ်သန်းသွားကာ သူကသရော်ပြုံးလေးပြုံးလိုက်သည် ။ လက်သွယ်သွယ်လေးတွေက နဖူးပေါကျနေသည့်ဆံပင်တွေကိုထိတွေ့နေရင်းနဲ့မှ ဟာသတစ်ခုကိုကြားလိုက်သည့်နှယ် သူ့ရဲ့နှုတ်ခမ်းတွေက အတော်လေးကိုကွေးတက်သွားပီး ဂရုမစိုက်သည့်ဟန်နဲ့ သူကပေါ့ပေါ့ပါးပါးလေးဘဲ ပြောလိုက်သည် ။
" ဒါဆိုလည်း ဂုဏ်ပြုပါတယ်နော် .. "
ခုနကထိပြုံးနေတဲ့ mary ရဲ့မျက်နှာကချက်ချင်း ဒေါသကြောင့်မှောင်မဲသွားသည် ။ ဒီကောင်စုတ်ကို စတွေ့ထဲကတစ်ခုခုလွဲနေတယ်လို့ သူထင်နေတာ !! အမြဲဖြူ စင်သလို ဘာလိုလိုနဲ့ ဟန်ဆောင်ထားတယ်ဆိုတာ ရိပ်မိပေမဲ့ မှားနေတယ်လို့ဘဲထင်တာ ၊ ဒီနေ့တော့ သူကျိန်းသေသည် ဒီကောင်စုတ် ဒီအိမ်မှာရှိနေတာ သူ့လိုဘဲ အကြောင်းတစ်ခုခုကိုရှိရမယ်ဆိုတာ ..
YOU ARE READING
MerMan | Jinkook [ MM ]
ParanormalI fell into the mire of love and I will try to escape to the end !! Sacrifice is my life and even if the pain is in my heart, I will seek liberation !! Love is a small group compared to my pride !! [ My Own Creation This Is Not Myanmar Trans ]