Zawgyi ( Episode - 21 )
MerManအပြာရောင်ရေကြည်တွေနဲ့ပြည့်နေတဲ့ ကျွန်းလေးရဲ့ဆင်ခြေလျှောမှာထိုင်ရင်း တံငါသည်လေးက မြောက်များစွာသော ငါးတွေကိုဖမ်းဆီးနေခဲ့သည် ။ ပူပြင်းတောက်လောက်နေတဲ့ နေရောင်ခြည်ထဲမှာဆိုပေမဲ့ ကမ်းစပ်ကတိုက်ခတ်လာတဲ့လေလေးတွေက သူ့ဆီအေးချမ်းမှု့ကိုဆောင်ယူပေးကာ သူကအပြုံးမဆိုသော အပြုံးသေးသေးပြုံးလိုက်ပီး ဖမ်းထားသည့်ငါးတွေကိုဖြည်းဖြည်းချင်း ပြန်လွှတ်ပေးလိုက်သည် ။ ရေထဲပြန်လွှတ်ပေးလိုက်တဲ့ထဲမှာပါတဲ့ ရွှေငါးလေးက တံငါသည်လေးကိုမြင်မြင်ချင်းသဘောကျသွားပီး လူသားအဖြစ်ပြောင်းလဲကာ တံငါသည်လေးဆီ ရောက်လာခဲ့သည် ။
အချိန်ကြာတော့မှ ငါးကလေးသိလာသည့်က တံငါသည်လေးက စိတ်ထားကောင်းလို့ ငါးတွေကိုလွှတ်ပေးခဲ့တာမဟုတ်ဘဲ ငါးတွေထည့်သည့်တံငါသည်လေး အိမ်က ငါးကန်ကြီးက ငါးအမျိုးပေါင်းမြောက်များစွာနဲ့ ပြည့်နေလို့ လွှတ်ပေးခဲ့ကြောင့် နားလည်ခဲ့သည် ။ ငါးတွေကိုပြန်လွှတ်ပေးတာကလွဲပီး တစ်ခြားနည်းလမ်းကို တံငါသည်လေးက မစဉ်းစားတက်သောကြောင့် သူကပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည် ။ အပေါထပ်ထက်လာတဲ့ခြေသံတွေကြောင့် seokjin ကသူဖတ်နေတဲ့ comic စာအုပ်ကိုပိတ်လိုက်ပီး တံခါးပေါက်ကိုကြည့်လိုက်သည် ။ ဒီအချိန်ဆို jungkook နဲ့ yoongi uni ကပြန်လာပီ !!
တံခါးဖွင့်သံနဲ့အတူ မြင်ရတဲ့ jungkook ရဲ့ bunny အပြုံးကြောင့် seokjin ကလက်မောင်းဖွင့်ပေးထားသည့် jungkook ရဲ့ရင်ခွင်ထဲပြေးဝင်လိုက်သည် ။ ခါးသေးသေးကို ခွဖက်လိုက်ပီး အနက်ရောင်ဆံပင်တွေထဲလက်ထိုးလိုက်ရင်း jungkook ရဲ့နှုတ်ခမ်းတွေကိုပါ သူနမ်းလိုက်သည် ။
" kookoo ကျွန်တော် ရေထဲဆင်းရမယ် .. "
seokjin ရဲ့စကားအပီး jungkook ရဲ့မျက်ဝန်းတွေက စိတ်လှုပ်ရှားမှု့ကြောင့် တောက်ပသွားပီး သူက မြန်မြန်လေးမေးလိုက်သည် ။
" Baby ကိုယ်ကိုပြတော့မှာလား ဟင် .. baby ရဲ့အမြှီးက အရမ်းလှတယ် ဆံပင်ကလည်းပန်းရောင် အသားကလည်းကြွေထည်လေးလိုဘဲ ၊ အခုရေထဲဝင်မှာလား ကိုယ်ဘာလုပ်ရမလဲ ကိုယ် .. "
YOU ARE READING
MerMan | Jinkook [ MM ]
FantastiqueI fell into the mire of love and I will try to escape to the end !! Sacrifice is my life and even if the pain is in my heart, I will seek liberation !! Love is a small group compared to my pride !! [ My Own Creation This Is Not Myanmar Trans ]