MerMan - 10

2.2K 322 54
                                    

ZAWGYI ( episode - 10 )
MerMan

jeon မိသားစုရဲ့အနောက်ဖက်ခြံဝင်း ခုံတန်းမှာထိုင်ရင်း စကားလိမ့်ပတ်မလှည်အောင်ပြောနေသည့် jin နဲ့ jimin ကိုကြည့်ပီး jungkook မျက်မှောင်ကြုံ့သွားသည် ။ အခုတစ်လော သူ့ခေါင်းကပုံမှန်မဟုတ် ၊ ဆံပင်ပန်းရောင်နဲ့ ကောင်လေးမျက်နှာလေးကိုသာ အိပ်မက်မက်နေပီး jin ကိုကြည့်လိုက်တိုင်းလည်း တစ်ခုခုလစ်ဟာနေသလိုဘဲ သူခံစားနေရသည် ။
အထူးသဖြင့် အရာတစ်ခုခုကိုသူမေ့နေသလိုဘဲ ဘာလည်း လည်းသူကိုယ်တိုင်မသေချာ ပေမဲ့!!

" jungkook .. "

ပြုံးစစနဲ့ taehyung ကိုမေးငေါ့ပြလိုက်ရင်း jungkook beer တစ်ငုံမော့သောက်လိုက်ပီး နဖူးပေါကျနေတဲ့ ဆံပင်တွေကိုအနောက်လှန်တင်လိုက်သည် ။

" မင်းနဲ့ Jimin အခြေအနေဘယ်လိုလဲ .. "

ခပ်ဖွဖွသက်ပြင်းချသံကြောင့် taehyung မရှင်းပြရင်တောင် jungkook နားလည်လိုက်သည် ။ အချစ်ကို လွန်ဆွဲပွဲလို လုပ်နေလို့ဘယ်ရမလဲ ၊ တစ်ဖက်ကတော့ လျော့ပေးရမှာပေါ့ ၊ jimin ကြတော့လည်း taehyung ကိုသဘောကျတယ်ဆိုပီး အခု taehyung ဖွင့်ပြောတော့ အင်းမလုပ် အမ်းမလုပ် !! ဟူးးးး

" ဒီကိုကြည့် .. "

ဖြတ်ခနဲလင်းသွားတဲ့ hoseok ရဲ့ camera ကြောင့် သူတို့နှစ်ယောက် hoseok ကိုလက်ခလယ်ထောင်ပြလိုက်သည် ။ hoseok ကတော့ပြုံးရင်းနဲ့သာ မြက်ခင်းပေါမှာထိုင်လျှက်အိပ်ပျော်နေတဲ့ yoongi ဘေးရောက်သွားတော့ ၊ မကြာခင်ကြားရတော့မဲ့ အဆဲသံတွေကြောင့် သူတို့နှစ်ယောက်လုးံ ရေကူးကန်ဘက်ကိုကျောပေးပီး ထိုင်လိုက်ကာ beer ကိုသာဆက်သောက်နေလိုက်သည် ။

နမ်းတာက မေ့စေတဲ့ဆိုပေမဲ့ ၊ တိုက်ဆိုင်တဲ့အချိန် ပြန်သတိရတက်တဲ့ဆိုသည့် jimin ရဲ့စကားကြောင့် seokjin နှုတ်ခမ်းကိုက်လိုက်ရင်း ပါးဖောင်းဖောင်းလေးကိုကုတ်လိုက်သည် ။ အကယ်လို့ kookoo ကပြန်သတိရသွားမယ်ဆိုရင် ?? သူ့ကိုကြောက်သွားရင်ကော ၊ သူ့ကိုနောက်ထပ်မတွေ့ချင်တော့ဘူးဆိုရင်ကော ?? အတွေးနဲ့တင် seokjin ငိုချင်လာပီး မျက်ဝန်းဝိုင်းတွေက အရည်ကြည်လေးတွေနဲ့ပြည့်လာသည် ။ jimin ကတော့ seokjin မျက်နာပေါက စီးကျလာတဲ့ပုလဲလုးံတွေကိုမြင်ပီး jungkook တို့ရှိနေသည့်တစ်ဖက်ခြမ်းကိုအမြန်ကြည့်လိုက်သည် ။ သူတို့ကိုမကြည့်နေတာသေချာမှ jimin ကလေးလေးလိုငိုနေတဲ့ jin ကိုချော့ဖို့ကြိုစားရသည် ။

 MerMan | Jinkook [ MM ]Where stories live. Discover now