Zawgyi - 23
အဖြူ ရောင်အိပ်ယာခင်းပေါမှာ လှဲနေရင်း seokjin နံရံပေါက တိုင်ကတ်နာရီကိုလှမ်းကြည့်လိုက်၏ ။ အချိန်က ည 6 နာရီကျော်နေပီ ၊ မနက်ထဲကကျောင်းသွားဖို့အတွက်ထွက်သွားသည့် jungkook အခုထိအိမ်ပြန်မရောက်သေးပေ ၊
သူလည်းအိမ်ထဲမှာဘဲနေရတာကြာလှသည်မို့ အပြင်ထွက်ဖို့စဉ်းစားလိုက်ကာ ၊ ပေါ့ပေါ့ပါးပါးဖြစ်စေမည့် jungkook ရဲ့အိကျီ င်္နဲ့ဘောင်းဘီကိုရွေးဝတ်လိုက်ရင်း သူသုးံဖို့အတွက်ပေးထားသည့် ကဒ်ကိုပိုက်ဆံအိတ်ထဲထိုးထည့်လိုက်သည် ။
ဆံပင်တွေကနည်းနည်းလေးရှည်လာသည်မို့ မနက်ဖြန်အရှေ့ဆံပင်တွေညပ်ဖို့ seokjin တွေးလိုက်သည် ။ သူကျွန်းလှေကားထပ်ကဆင်းလာတော့ ဧည့်ခန်းမှာထိုင်နေသည့် mary ကိုတွေ့လိုက်ရကာ seokjinရဲ့ပုလဲမျက်လုးံတွေက ဒေါသလွှမ်းနေသည့်အနီရောင်မျက်လုးံတစ်စုံအဖြစ်ချက်ချင်းပြောင်းလဲသွားသည် ။ ဒါကိုမရိပ်မိသည့် mary ကသောက်လက်စရေနွေးကြမ်းကိုစားပွဲပေါတင်လိုက်ရင်း သူ့ကိုမော့ကြည့်ကာပြုံးပြလိုက်သည် ။
" seokjin အပြင်သွားဖို့လား "
စကားများများပြောရတာမုန်းတီးသည့် seokjin ကခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည် ။သို့ပေမဲ့ ပါးစပ်ထပ်ဖွင့်လိုက်သည့် mary ၏နောက်ဆက်တွဲဆက်လာမည့် စကားကိုရိပ်မိတော့ သူအရင်ဖြတ်ပြောလိုက်သည် ။
" ကျွန်တော်နဲ့လိုက်ဖို့မစဉ်းစားနဲ့ "
တံခါးပေါက်မှာအသင့်ချထားသည့် ညပ်ဖိနပ်ကိုစီးလိုက်ရင်း seokjin အိမ်ထဲကထွက်လာလိုက်သည် ။ သူ့နောက်ကျောကအကြည့်စူးစူးကိုသတိထားမိပေမဲ့ ပြန်လည့်ကြည့်ဖို့အတွေးသူ့မှာမရှိပေ !!
ခြံဝင်းကအကျယ်ကြီးမို့ သူခြေလှမ်းတွေကိုအရှိန်တင်ကာ မြန်မြန်လေးလျှောက်လိုက်သည် ။ မီးတိုင်တွေက အဝါမီးတွေလင်းထိန်နေသည်မို့ သူ့အပေါအလင်းကျနေကာ seokjin ရဲ့ဖြူ ဖွေးဖွေးအသားအရေက မီးရောင်အောက်မှာတောက်တောက်ပပလေးဖြစ်နေသည် ။ သူရဲ့အမြဲတန်းစိုအိနေတဲ့ နီရဲရဲနှုတ်ခမ်းတွေကတောင် ဒီနေ့ကျမှပိုရဲနေသလိုဘဲ !!
YOU ARE READING
MerMan | Jinkook [ MM ]
ParanormalI fell into the mire of love and I will try to escape to the end !! Sacrifice is my life and even if the pain is in my heart, I will seek liberation !! Love is a small group compared to my pride !! [ My Own Creation This Is Not Myanmar Trans ]