Zawgyi
မီးဆိုင်းတွေနဲ့အလှဆင်ထားသည့်ခန်းမကြီး၏ လေးထောင့်ထမင်းစားဝိုင်းတွင် ..
ထမင်းစားဝိုင်းရဲ့ ညာဘက်ထိပ်ဆုးံမှာထိုင်နေတဲ့ ကောင်လေးတစ်ယောက် ..
ထိုကောင်လေးကသူထိုင်နေသည့်ဝှီးချဲပေါ်က အရှည်မြင့်ပေးသည့်ခလုတ်ကိုနှိပ်လိုက်ရင်း လက်ထဲကတူကိုစားပွဲပေါ်သပ်ရပ်စွာချလိုက်ကာ လက်ချောင်းသွယ်သွယ်တွေကို စားပွဲတစ်ဖက်ခြမ်းမှာရှိနေတဲ့ အသီးအရွက်ပန်းကန်ဆီလှမ်းလိုက်သည် ။ အဆီနည်းသည့် အရွက်ကြော်က စိမ်းနေသည်မို့ကောင်လေးရဲ့အကြိုက်ပေ .. သို့ပေမဲ့ သူထိုပန်းကန်ကိုလက်လှမ်းရုံရှိသေး ဟင်းအနှစ်တွေပေနေသည့်လက်သေးသေးလေးတစ်ဖက်က ပန်းကန်ပေါ်ရောက်လာပီးအသီးအရွက်ကြော်ကို ထိုလက်နဲ့ဘဲနှိုက်စားသွားသည် ။
ကောင်လေး " ........ "
ပယင်းရောင်မျက်ဝန်းတွေမှာ မနှစ်မြို့သည့်အကြည့်တွေဖြစ်လာပီး ကောင်လေးကဆန့်ထားသည့်လက်ကိုပြန်ရုတ်လိုက်ကာ အသီးအရွက်ကြော်ကိုလုံးဝမကြည့်တော့ ၊ အဲ့ဒီအစား သူ့မျက်ဝန်းတွေက ကလေးလေးဘေးမှာထိုင်ကာရယ်ချင်ပေမဲ့ မရယ်ရဲဖြစ်နေသည့် သူဆီရောက်သွားသည် ။
" အစ်ကို မင်း ကလေးကိုဟင်းထည့်ပေးလေ " သူ့အသံက မနူးညံပေမဲ့ကြားလိုက်ရသူအဖို့တော့ သူဘာပြောပြောလုပ်ပေးလိုက်ချင်စိတ်ကိုဖြစ်ပေါ်လာစေလေသည် ။
အထူးသဖြင့်ဆိုရင်တော့ ဆယ်မင်းအတွက် ၊ ညီဖြစ်သူကိုသည်းသည်းလှုပ်ချစ်သူဖြစ်သည့်အလျှောက် ဆယ်မင်းက ပြုံးလိုက်ရင်းစားပွဲပေါ်ကအပျော့တစ်ရှုးကိုယူပီး ပါးစပ်မှာဟင်းတွေနဲ့ညစ်ပတ်နေသည့်ဟာရုရဲ့မျက်နှာကိုဖွဖွလေးသုတ်ပေးလိုက်သည် ။ ပီးမှ ဟာရုနားမှာရှိနေသည့်ဟင်းခွက်တွေကို တစ်ဖက်ခြမ်းဆီပို့လိုက်သည် ။
လီမင်ယော့က စားနေရင်းမှမော့မကြည့်လာသလို တစ်ခွန်းမှလည်းဝင်မပြောပေ ၊ သူ့ကိုကြည့်ရသည်မှာ ဒီကိစ္စကိုကျင့်သားရနေသလိုဘဲ .. တစ်ကယ်လည်းအဖြစ်မှန်မှာ ဒီလိုဘဲဖြစ်သည် ။ သူတို့ထမင်းစားတိုင်း ဟာရုကဟင်းခွက်တွေကိုလက်နဲ့နှိုက်မယ် ၊ ဂျီယော့က ဒေါသမထွက်ပေမဲ့လည်းမနှစ်မမြို့ဖြစ်မယ် ၊ ပီးရင် ဆယ်မင်းက ဟင်းခွက်တွေကိုတစ်ဖက်ခြမ်းပို့လိုက်မယ် ဒါဆိုထမင်းစားခန်းပြသာနာကရပ်သွားပီး ..
YOU ARE READING
MerMan | Jinkook [ MM ]
ParanormalI fell into the mire of love and I will try to escape to the end !! Sacrifice is my life and even if the pain is in my heart, I will seek liberation !! Love is a small group compared to my pride !! [ My Own Creation This Is Not Myanmar Trans ]