ZAWGYI ( episode - 12 )
MerMan
ယောင်လို့တောင်မလာဖူးတဲ့နေရာဖြစ်တဲ့စာကြည့်တိုက်က သမိုင်းစာအုပ်တွေထဲ ခေါင်းနစ်နေတဲ့ jungkook ကောင်လေးနဲ့ပက်သက်တဲ့ ရေနေသတ္တဝါ ဆိုင်ရာ စာအုပ်တွေဖတ်နေပေမဲ့ စာစိတ်မဝင်စားတဲ့သူမို့ ဘာမှကိုရေရေရာရာနားမလည်လိုက် ၊ ဒါတောင် သူ့ကိုအထူးအဆန်းနဲ့ကြည့်နေတဲ့ စာကြည့်တိုင်မှုးနဲ့ ကျောင်းသားတွေမပါသေး ..မနက်ကတင် ကောင်လေးရဲ့အတွေးတွေကိုကြားနေရတာနဲ့ကျင့်သားမရတဲ့ သူက နို့ခွက်ကိုခွဲလိုက်သည့်အပြင် ကျောင်းလာသည့်လမ်းမှာလည်း ကားတိုက်မလိုဖြစ်ခဲ့သေးသည် ။ သူ့နောက်ကတစ်ကောက်ကောက်လိုက်နေသည့် mary ကြောင့်စိတ်ညစ်ရသည့်အပြင် အရင်လိုသူနား koo koo - koo koo နဲ့မလိုက်တော့တဲ့ ကောင်လေး ကြောင့်လည်း jungkook မနေနိုင်မထိုင်နိုင်ဖြစ်နေရသည် ။
နာရီကိုငုံကြည့်လိုက်တော့ ညနေ 2 နာရီ ၊ လွယ်အိတ်ကိုကောက်လွယ်ရင်း jungkook စာကြည့်တိုက်ကနေထွက်လာလိုက်ပီး အိမ်ကိုတန်းပြန်ဖို့ အတွေးတွေးလိုက်ပေမဲ့ parking ထိုးထားတဲ့သူ့ကားနားမှာရပ်နေတဲ့ mary ကြောင့် ပျော်နေတဲ့သူ့စိတ်တွေက စိတ်ပျက်တာနဲ့အစားထိုးခံလိုက်ရသည် ။ကား remote ကိုနှိပ်လိုက်ရင်း driver seat မှာမှီရပ်နေကာ အခုထိမဖယ်ပေးသည့် mary ကိုတွန်းထုတ်လိုက်ကာ jungkook ကားထဲဝင်ထိုင်လိုက်ပေမဲ့ maryက မဲ့ပြုံးပြုံးရင်း ပိတ်ခါနီးတံခါးမှာ လက်ဝင်ခံလိုက်သည် ။
" ဖယ် .. "
" ကိုယ် mary နဲ့ပြန်မှာတူတူဘဲကို .. ခေါသွားပေးလို့မရဘူးလား .. "
လည်ဟိုက်အိကျီ င်္ကြောင့်မြင်နေရတဲ့အတွင်းသားတွေကြောင့် jungkook မျက်ခုးံတစ်ဖက်မြင့်သွားပီး နှုတ်ခမ်းစွန်းကိုကွေးလိုက်ကာ သူ့ကိုမြူ စွယ်သည့်အကြည့်နဲ့ကြည့်နေသည့် မျက်ကပ်မှန်တပ်ထားသည့် မျက်ဝန်းပြာတွေကို မျက်ခုးံပင့်ပီးစိုက်ကြည့်လိုက်တော့ mary ကနှုတ်ခမ်းမဲ့လိုက်ရင်း မပိတ်သေးသည့် ကားတံခါးကိုလွှတ်ပေးလိုက်ကာ ကားထဲဝင်ထိုင်လိုက်သည် ။ ယောက်ကျာ်းလေးဆိုတာ မိန်းကလေးကိုဘယ်လွန်ဆန်နိုင်မလဲ !! jungkook ဆိုတာလည်းသွေးနဲ့ အသားနဲ့ဖွဲ့စည်းထားတဲ့လူတစ်ယောက်ဘဲလေ ..
YOU ARE READING
MerMan | Jinkook [ MM ]
ParanormalI fell into the mire of love and I will try to escape to the end !! Sacrifice is my life and even if the pain is in my heart, I will seek liberation !! Love is a small group compared to my pride !! [ My Own Creation This Is Not Myanmar Trans ]