11

1.5K 36 5
                                    

**အရှေ့အပိုင်းတွေကိုဖတ်ပီးမှဖတ်ပေးစေချင်ပါတယ်မတွေ့မိဘူးဆိုရင်သာသာရဲ့Wallထဲကိုဝင်ကြည့်ပါနော်***

လီလီရိုလာကိုစတာစီးရအောင်

ဒီမနက်လုံးကစားကွင်းထဲကတစ်ခုပြီးတစ်ခုကစားနေတာ
မမောဘူးလား

ဒါပြီးရင်မကစားတော့ဘူးနော်

သွားသွား

လိုချင်သည်ကိုရသွားသည့်ကလေးနယ်ခုန်ဆွခုန်ဆွနှင့်လီဆာရှေ့ကနေဂျန်နီပြေးသွားသည်

ရိုလာကိုစတာရှိတဲ့နေရာရောက်တော့မျက်နှာမှုန်ကုတ်စွာလီဆာဖက်လှည့်လာသည်

ဘာဖြစ်တာ

လီလီနဲ့ထိုင်ရမယ့်နေရာမတူတော့ဘူး

ရော်.....မတူလဲဘာဖြစ်တုန်းအဓိကစီးရဖို့ဘဲမဟုတ်လား

ပြီးရော်ပြီးရော်

မနေ့ထဲကကစားကွင်းသွားဖို့ပြောတာအရမ်းသွားချင်လို့ထင်နေလားမသိပါဘူးရိုလာကိုစတာစီးရင်းသူ့ကိုပြေးပြေးဖက်မယ့်အစီအစဥ်ကအငွေ့ကဘယ်ကိုဘယ်လိုပျံသွားမှန့းမသိဒီလိုမှန်းသိကလေးကလားနေရာကြီးကိုမလာပါဘူး

လီဆာချစ်တယ်......လီဆာကို....ချစ်တယ်....အမေလေး
အမြင့်ကြီးဘဲ....ကြောက်တယ်အမေရယ်.....ချစ်...ချစ်....တယ်...လီ....ဆာ.....

ငါးမရရေချိုးပြန်ဆိုသည့်အတိုင်းလီဆာနားမထိုင်ရလဲလီဆာမကြားနိုင်သည့်နေရာကနေဂျန်းနီရင်ဖွင့်အော်ပြောလိုက်သည်

အမောပြေရင်အိမ်ပြန်စို့

လီလီဟို...ဟို...လေး

ဘာပြောအုံးမလို့လဲ

သရဲအိမ်ဝင်ရအောင်နော်...ဒီတစ်ခါတကယ်နောက်ဆုံး

ဝင်တာတော့ဟုတ်ပြီဟိုမှာ18မပြည့်ရင်ဝင်လို့မရဘူး
ရေးထားတယ်

ဟာ....လိမ်ပြီးဝင်မှာပေါ့

နီနီမင်းပြောနော်

အင်း

နှစ်ယောက်သားသေချာပြင်ဆင်ကာသရဲအိမ်ထဲဝင်ရန်သွားသည်

ဝန်ထမ်း..မှတ်ပုံတင်ပြပါ

ဂျန်...ရှင်ကျွန်မတို့ကအသက်ပြည့်ပါပြီ

ELLEWhere stories live. Discover now