လီလီဟာနီနီရဲ့အချစ်ကိုမမြင်တာလားတမင်ဘဲမမြင်ချင်ယောင်ဆောင်နေတာလားမသဲကွဲဘူးနီနီကလွဲရင်လူတစ်ကားချစ်လို့ရတာလားမေးလိုက်ချင်တယ်သူ့ကိုအကြာကြီးပြီးပစ်ထားပြီးမနေ့တစ်နေ့ကမှပြန်လာတဲ့ချယ်ယောင်းနဲ့ပျော်ရွှင်နေတာနီနီမေ့သည်အထိ။နီနီကိုသတိမရတာလားဆိုရင်ရပါတယ်အိုပါးဂျီဝူးနဲ့ချိန်းတွေ့တဲ့အချိန်ရယ်နီနီတစ်ခုခုထိခိုက်မိတဲ့အချိန်တွေပါဘဲကျန်တဲ့အချိန်တွေတော့ပြောမနေတော့ပါဘူး
ဒီနေ့ကနီနီပါတီတစ်ခုတက်မှာပါတီရယ်လို့တော့မဟုတ်ပါဘူးမိသားစုတွေ့စုံပွဲလို့ပြောရမယ်အိုပါးဂျီဝူးတို့မိသားစုကတစ်ယောက်တစ်နိုင်ငံဆီနေကြတာမွေးရက်မြေဖြစ်တဲ့ကိုရီးယားစီမိသားစုဝင်တွေဆုံတုန်းပါတီလုပ်ခြင်းဖြစ်သည်မိသားစုပါတီမလို့အရေးကြီးဧည့်သည်ကိုသာဖိတ်သည်နီနီကိုအိုပါးဂျီးဝူးမိသားစုနဲ့ပေးတွေ့စေချင်လို့ဖိတ်တယ်အစောငြင်းပါသေးသည်တစ်ခြားရည်ရွယ်ချက်မပါဘဲအိုပါးမှာချစ်သူရှိကြောင်းပြောပြခြင်ရုံသာဖြစ်ကြောင်းရှင်းပြတယ်မတက်သာတဲ့အဆုံးလက်ခံလိုက်သည်
ပါတီတက်ဖို့ဖိနပ်ကြိုးချည်နေတုန်းအပြင်ကနေ. . ရည်သံနှောကာစကားတစ်ပြောပြောဖြင့်ဝင်လာတဲ့လီလီနဲ့ချယ်ယောင်းကိုတွေ့ရတယ်ပုခုံးလည်းမှီကာခါးကိုဖက်ရင်းဝင်လာတဲ့သူတို့နှစ်ဦးကိုမနာလိုစိတ်တိုမိတယ်အရင်လိုဖြေသိမ့်မနေတက်တော့ဘူးကြည့်လဲစိတ်တိုလာလဲမို့မမြင်ချင်ယောင်ဆောက်ကာအပြင်ထွက်ဖို့ဘဲလုပ်တော့တယ်
နီနီဘယ်သွားမလို့လဲ
ပါတီတက်မလို့
ဒီချိန်ပါတီတက်ရင်ညနက်မှပြန်ရောက်တော့မှာမသွားနဲ့တော့
ယောင်းလက်ကိုမလွတ်တမ်းကိုင်ပြီးကျွန်မကိုစိတ်ပူတဲ့စကားတွေပြောပြန်တယ်
မသွားလို့မဖြစ်ဘူးအရေးကြီးတယ်
ဘယ်လောက်တောင်အရေးကြီးနေလို့မသွားမဖြစ်
နေရတာလဲသွားပို့မဲ့ကားစီမရောက်ခင်ကြားရတဲ့စကားကြောင့်နောက်ပြန်လှည့်ကာ
နီနီရဲ့မကြာခင်တော်ရမယ့်ယက္ခမတွေနဲ့သွားတွေ့မှာ
လီလီဆီကစကားပြန်မလာသည်မို့ကားပေါ်တက်ကာထွက်သွားလိုက်တယ်ကိုယ်ကလွဲရင်လူတစ်ကာကိုချစ်ပေးတက်တဲ့လီလီကိုမုန်းလိုက်တာ
ပါတီကထင်တာထက်ပိုကြာတယ်အိမ်ပြန်ဖို့လည်းနောက်ကျနေပြီမို့အိုပါးဂျီဝူးအိမ်မှာဘဲအိမ်ရသည်အိုပါးဂျီဝူးမိသားစုကနွေးထွေးမူရှိတယ်နီနီကိုလည်းချစ်ပေးတယ်ကိုယ်ကသာအိုပါးဂျီဝူးကိုမချစ်ပေမဲ့အိုပါးဘဲမဟုတ်ဘူးအိုပါးမိသားစုပါချစ်ပေးတယ်
. . . . . . . . . . . . . . . . . . . . . . . . . .
အာဂျီးမားမေမေနဲ့ဖေဖေရှိလား
မရှိဘူးသမီးရဲ့ခရီးကပြန်မလာသေးဘူး
အော်တော်သေးလို့
သမီးရယ်မနေ့ကဘာလို့မပြန်လာတာလဲလီလီတစ်ယောက်တစ်ညလုံးထိုင်စောင့်နေတာယောင်းပြောမှအပေါ်တက်အိပ်တယ်
သမီးလေးပြန်လာဖို့ဘဲညနက်နေလို့အဲ့မှာအိပ်လိုက်တာ
အေးအေးပြီးရော်
ကိုယ်ကိုစောင့်နေတာဆိုတော့စိတ်ပူပြန်ရော်လီလီနိုးလာရင်ဆူခံထိအုံးမှာတစ်ခါတစ်လေလီလီဆူတာကြိုက်ပေမဲ့တစ်ခါတစ်လဲချုပ်ချယ်မကြိုက်ပြန်ရော်
နီနီ
လီလီ
မနေ့ညဘာလို့အိမ်ပြန်မလာတာလဲ
ညနက်သွားလို့အိုပါးအိမ်မှာဘဲအိပ်လိုက်တယ်
သူနဲ့လျှောက်လည်တိုင်းညနက်မှပြန်လာနေကြလဲအဲ့
လောက်နေချင်ရင်သူ့အိမ်သွားနေပါလားလီလီဘာတွေပြောနေတာလဲညနက်သွားလို့ပြောနေပြီလဲ
နင်တို့ရိုးကော်ရိုးလို့လား
ဖြန်း. . .
ဂျန်းနီလီဆာကိုပါးရိုက်ပြီးအခန်းထဲဝင်သွားသည်လီဆာဘာစိတ်မှမပါဘဲပြောလိုက်သည်ဆိုပေမဲ့ဂျန်းနီစိတ်ဆိုးသွားသည်လီဆာဂျန်းနီကိုစိတ်ပူနေသည်မှာအမှန်ပါ
နီနီ. . . လီလီကိုတံခါးဖွင့်ပေးအုံး
. . . . . . .
နီနီလို့. . . . တံခါးဖွင့်အုံး
. . .
နီနီတံခါးမဖွင့်ရင်လီလီကိုယ်ကိုထိခိုက်အောက်လုပ်မှာနော်
. . . . . . . .
လီဆာဂျန်းနီရဲ့အကြောင်းသိသည်ဘယ်လောက်ဘဲသူ့ကိုစိတ်ဆိုးနေပစေသူ့တစ်ခုခုထိခိုက်မိရင်ဂျန်းနီသူ့စီပြန်လာတယ်ဆိုတာခုလည်းဂျန်းနီဂရုမစိုက်တော့အရင်အတိုင်းလီဆာလုပ်ကြံသည်