မင်္ဂလာဆောင်ဖို့ပြန်လာမှာတဲ့
ဘယ်သူနဲ့လဲ
သူ့ချစ်သူနဲ့ပြီးတော့ဂျန်နီမှာကိုယ်ဝန်လွယ်ထားရပြီ
လက်ပေါ်ကဇွန်းခရင်းလွတ်ကျသွားသည်မကြားချင်ဘူးအဲ့လိုမျိုးစကားတွေ
ဂျန်းနီတစ်ယောက်ကလဲလုပ်လိုက်ရင်အဲ့လိုကြီးဘဲစိတ်ချရမယ်ထင်လို့တစ်ယောက်ထဲလွတ်လိုက်တာပြန်လာပစေအုံး
မိန်းမရယ်စိတ်လျော့ပါဂျန်းနီပြန်လာရင်စိတ်မဆိုးနဲ့လူငယ်သဘာဝဘဲဟိုမှာဒီလိုဖြစ်စဥ်တွေကပုံမှန်လိုဖြစ်နေတာ
ဒင်းတော့လဲ
သမီးအပေါ်တက်တော့မယ်
အော်အင်းဆေးသောက်ဖို့မမေ့နဲ့
ဟုတ်
သူပြန်လာမှာကိုမျော်နေပေမဲ့ဒီလိုပြန်လာခြင်းမဟုတ်ဘူးလဲကိုယ့်ရင်ခွင်ထဲပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာမှာကိုမျော်နေတာကိုယ့်ရဲ့ကြောက်ရွံ့နေမူကြောင့်သူနဲ့ဝေးခဲ့ရတာသူနဲ့မဝေးချင်လို့ပြင်ဆင်ပြီးခါမှ
. . . . . . . . . . .
ဂျန်းနီရယ်မင်းကိုငါတော်တော်စိတ်တိုတယ်
စိတ်တိုချင်လည်းနောက်မှတိုတော့အမေခရီးကပင်ပန်းတယ်နားချင်ပြီ
ဟုတ်သားဘဲမိန်းမရယ်ဂျန်းနီကကိုယ်ဝန်တစ်ဖက်နဲ့ဆူမနေနဲ့
အပြင်ထွက်ဖို့အခန်းထဲကနေထွက်လာရင်းအောက်ထပ်ကစကားသံတွေကြောင့်ဂျန်းနီရောက်နေပြီမှန်းသိသောလည်းထွက်မတွေ့ရဲဘူးကိုယ့်မှာသူ့ကိုတွေ့ဖို့သတ္တိတွေရှိမနေဘူး
အာ. . ချယ်ယောင်းလီလီကိုလာခေါ်တာလား
ဟုတ်တယ်ဒေါ်လေး
အပေါ်မှာရှိတယ်တက်သွားလိုက်နော်
ဟုတ်
အပေါ်ထက်သွားတော့အခန်းရှေ့တွင်လီဆာငူငူငိုင်ငိုင်ရပ်နေသည်
လီလီ
ယောင်း. .
အဆင်ပြေလား
ဟင့်အင်း. . . ငါလုံးဝအဆင်မ ေပြဘူး
လီလီဘာလို့အဆင်မပြေနေတာသိနေတာမို့ဘာမှထပ်မမေးဘဲအပြင်ထွက်ဖို့ခေါ်လာခဲ့တယ်အိမ်အောက်ထပ်မှာဂျန်းနီမရှိနေတော့လီလီအတွက်အဆင်ပြေသွားတာပေါ့