ကိုယ့်ကြောင့်လီလီရဲ့စိတ်ရောဂါပြန်ဖြစ်သတဲ့လားအို. . သူနဲ့မဟုတ်ရင်တောင်ကိုယ်ကလီလီကိုစောင့်ရှောက်ပေးနိုင်တာဘဲအလကားနေသူ့စီကနေလီလီကိုလုသွားမှာစိုးလို့ကြံဖန်ပြောနေတာချယ်ယောင်းညာဏ်သိတ်များတယ်
လီလီအဆင်ပြေရဲ့လား
အွန်း. . .
ငါ့ကြောင့်နဲ့
မတွေးပါနဲ့. . . နီနီကြောင့်မဟုတ်ဘူးလီလီစိတ်ပူ
သွားလို့တောင်းပန်ပါတယ်
လီ. .
လီလီနဲ့စကားပြောနေတုန်းချယ်ယောင်းဝင်လာသည်နီနီနဲ့လီလီအတူရှိနေတာမြင်တော့သူစိတ်မကြည်ပုံတာ်ကိုယ့်မကြည်မျက်လုံးဖြင့်ကြည့်လာသည်
ဒီနေ့ဆေးရုံဆင်းလို့ရပြီတဲ့
အွန်းငါလည်းဆေးရုံမှာမနေခြင်ဘူးမြန်မြန်သိမ်းပြီး
ပြန်ကြရအောင်ဆေးရုံကနေလီလီလိုအပ်မယ့်ဆေးတွေပစ္စည်းတွေယူပြီးဆေးရုံဆင်းလိုက်သည်ကိုယ်ကတော့ဆေးရုံမှာကတည်းကတွေးထားတယ်လီလီနဲ့အနီးဆုံးနေမယ်လီလီလိုအပ်တာတွေဖြည့်ဆည်းမယ်လီလီအတွက်အကောင်းဆုံးနေထိုင်မယ်ပြီးရင်အိုပါးဂျီဝူးနဲ့လမ်းခွဲဖို့ပြောမယ်
. . . . . . . . . . . . . . . .
အိုပါး. . . ဂျန်တို့လမ်းခွဲရအောင်
အွန်. . . ဒီအခြေအနေရောက်လာမယ်ဆိုတာသိ
လို့ကြိုပြင်ဆင်ထားပါတယ်ဂျန်တောင်းပန်ပါတယ်
နောက်ဆုံးတစ်ခေါက်ဂျန်ကိုဖက်လို့ရလား
အိုပါးဂျီဝူးရဲ့တောင်းဆိုမူမငြင်းဘဲလက်လျှောပေးသည်တွဲနေတဲ့တစ်လျှောက်လုံးအိုပါးကစိတ်ရင်းအမှန်နဲ့ချစ်ပေးတယ်ကိုယ်ကသာအိုပါးကိုစိတ်မဝင်စားပေမယ့်တစ်ခါမှကိုယ့်ကိုငြိုငြင်တယ်မရှိဘူး. . .
. . . . . . . . . . . . . . . . . . . . . . . . . . . .
နီနီ. . . ဒီတစ်လောအိမ်ကပ်နေပါလား
အွမ်း. . .
အိုပါးဂျီဝူးနဲ့အဆင်မပြေလို့လား
အိုပါးနဲ့လမ်းခွဲလိုက်ပြီ
လီလီမေးခွန်းတွေပြန်မလာတော့ဖတ်လက်စစာကိုဖတ်နေလိုက်တယ်ဘာလို့လမ်းခွဲလဲဆိုတာမမေးသလိုကိုယ်လဲပြန်မဖြေခဲ့ဘူးမေးခဲ့ရင်တော့သေချာပေါက်ပြန်ဖြေမှာ