မနက်စောစောယောင်းဆိုတဲ့ကောင်မလေးရောက်လာပြန်တယ်လီလီနဲ့အဆင်ပြေချင်လို့ထင်ပါတယ်ကိုယ်ရဲ့သိတ်ထဲမှာစိုးရိမ်စရာတစ်ခုပေါ်လာတယ်
လီလီကိုတွေ့ပြီးပြီလာ
ခဏကသွားတွေ့တယ်တံခါးမဖွင့်ပေးလို့စောင့်နေတာ
ထိုအချိန်လီလီအိမ်ပေါ်ကနေဆင်းလာသည်ယောင်းဆိုတဲ့ကောင်မလေးကိုမျတ်စောင်းထိုးကာအိမ်ပြင်ထွက်သွားသည်
လီလီ. . . ယောင်းရှင်းပြပါမယ်
ဘာရှင်းပြမလို့လဲနင်ကအမြဲနင့်ဘက်ချည်ကြည့်တယ်
ငါဘက်ဘယ်တော့မှမကြည့်ဘူးတောင်းပန်ပါတယ်
အခုလည်းနင့်ကိုခင်သွယ်ပြီးမှထွက်သွားမှာမလား
ခုတစ်ခါဘယ်မှမသွားတော့ဘူးလီလီနဲ့အတူကျောင်း
တက်ပြီးဒီမှာဘဲနေတော့မှာတကယ်လား
အင်းတကယ်ပေါ့
ငယ်ပေါင်းဆိုတော့လီလီရဲ့အကြောင်းတွေကိုလီလီမိဘထက်ပိုသိတယ်လီလီကအားငယ်စိတ်ရှိတက်တယ်ပြီးတော့သူခင်သွယ်မိပြီဆိုရင်သူ့နားကဘယ်သူကိုမှထွက်မသွားစေချင်ဘူး
နီနီသူကလီလီငယ်ကတည်းပေါင်းလာတဲ့သူငယ်ချင်း
ပတ်ချယ်ယောင်းတဲ့သြစတေးလားကနေပြောင်းလာတာ
အရင်ကဒီမှာဘဲလီလီနဲ့နေခဲ့တာအော်. . မနေ့ညကဘဲမိတ်ဆက်ပြီးပြီ
ဒါဆိုလဲကောင်းတာပေါ့
ယောင်းကျောင်းအပ်ပြီးပြီလား
အင်းလီလီတို့ရဲ့ကျောင်းမှာဘဲအပ်ထားတယ်
ရေး. . . ငါမရေးချင်တဲ့စာတွေနင့်ကူးခိုင်းလို့ရပြီ
ငယ်ငယ်ကအတိုင်းဘဲ
ခုချိန်မှာကိုယ်ကအပိုလူတစ်ယောက်ရယ်ပါသူငယ်ချင်းနှစ်ယောက်စကားပြောကြသည်ကိုဘေးနားမှာထိုင်ပြီးကြည့်နေရတယ်ပြီးတော့ယောင်းရဲ့လီလီကိုကြည့်တဲ့အကြည့်ကနီနီလီလီကိုကြည့်တဲ့အကြည့်နဲ့တူတယ်
. . . . . . . . . . .. . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ယောင်းရယ်ဦးလေးသမီးကိုအရင်လိုထိန်းပေးဦး
ဦးကအလုပ်ရှုပ်တော့မကြည့်နိုင်ဘူးလီလီကိုထိန်းလိုက်စနဲ့နီနီကိုပါထိန်းပေး