နာယွန်းငါ့ကိုစိတ်ဆိုးနေတော့မှာ
ကိုယ့်အမနဲ့ထိုင်တာဘဲသူကဘာလို့စိတ်ဆိုးမှာလဲ
နေ့လယ်ကျမှချော့တော့မယ်
လီလီကကျောင်းမှာသူ့နားထိုင်ဖို့ခေါ်တယ်ကိုယ်ကထိုင်ချင်ပေမဲ့နာယွန်းကိုအားနာနေတာနဲ့မထိုင်ဖို့ငြင်းသေးသည်ကျောင်းစတက်တုန်းနာယွန်းဘဲနီနီခေါ်ထိုင်တာမလားအဲ့တုန်းကလီလီကပစ်ထားခဲ့တာလဲခုကြအတင်းကိုခေါ်တော့တယ်လီလီကနီနီကိုသိပ်နိုင်တယ်သူ့နားသွားထိုင်လိုက်တယ်အရမ်းထိုင်ချင်လို့တော့မဟုတ်ပါဘူး
ဂျန်းနီနင်ဟာလဲတကယ်ငါ့ကိုပစ်ထားရက်တယ်
ပစ်ထားတာမဟုတ်ပါဘူးနာယွန်းရယ်
သူစာလိုက်မလုပ်နိုင်လို့လီနားခေါ်ထားတာပါ
အေးအေးညီအမနှစ်ယောက်စလုံးကောင်းတယ်နော်
နေ့လယ်ထမင်းစားချိန်ကိုသုံးယောက်အတူစားတယ်အွန်ညီးဂျီဆူးနဲ့အိုပါးဂျီဝူးကအထက်တန်းနောက်ဆုံးနှစ်ဆိုတော့စာမေးပွဲနီးလာတာနဲ့စာပိုလုပ်ရမှာအာ့ကြောင့်နီနီတို့ထမက်းလာမစားဘူးဒါပေမဲ့အွန်ညီးဆူးကနေ့တိုင်းထမင်းစားချိန်ဆိုလီလီကိုမုန့်တွေစားစရာတွေလာပို့ပေးတယ်အွန်ညီးဆူးကလီလီက်ုအရမ်းချစ်တယ်ထင်တယ်
နောက်အပတ်မှာအထက်တန်းနောက်ဆုံးနှစ်ရယ်ဒီအလယ်တန်းကိုမန်ချူးရွာကဒေသဓလေ့တွေကိုလေ့လာရအောက်ခေါ်သွားမှာဖြစ်လို့လိုက်ပါချင်တဲ့သူနာမည်စရင်းလာပေးပါဆရာမဘဲကောက်မှာဖြစ်ပါတယ်ကြာချိန်ကသုံးညအိပ်လေးရက်ခရီးဖြစ်တဲ့အတွက်စီစဉ်ထားကြတော့ကလေးတို့
ဆူးတို့ရောပါမှာပေါ့နော်နီနီ
အထက်တန်းနောက်ဆုံးနှစ်ဆိုမှတော့ပါတာပေါ့
မနက်ဖြန်ကျောင်းပိတ်တယ်စျေးဝယ်ထွက်ရအောင်ဒီခရီးအတွက်
ထွက်ရအောင်လဲ
ခရီးထွက်ရမှာကိုပျော်ပေမဲ့အွန်ညီးဆူးတို့ကပါမှာဟိုရောက်ရင်တစ်ယောက်ထဲလဲအသည်းကကွဲရအုံးမှာကိုယ်မသွားချင်ဘူးပြောရင်လီလီကအတင်းခေါ်ပြီးငါ့တစ်ယောက်ထဲပစ်ထားခဲ့မယ်မှန်းသိတယ်