စာမေးပွဲဖြေဖို့ရက်တွေကသိပ်မလိုတော့ဘူးနေ့ရက်တိုင်းဟာပုံမှန်ပါဘဲဒါပေမဲ့နီနီနဲ့လီလီရဲ့ဆက်ဆံရေးကအေးစက်သွားခဲ့ပါပြီအဲ့နေ့ကဆူးနဲ့ပြန်အဆင်ပြေချင်တဲ့စိတ်ကြောင့်ဒေါသတွေကိုနီနီအပေါ်ပုံချမိတယ်နီနီကိုပြောခဲ့တဲ့စကားတွေဟာမသင့်တော်မှန်းသိပေမဲ့လီလီလုပ်ခဲ့ပြီးပြီလဲကျွန်မဒီလိုလုပ်နေပေမဲ့ဆူးနဲ့ကျွန်မပြန်အဆင်မပြေခဲ့ပါဘူးဆူးကသူ့မှာအိမ်ကသဘောတူထားတဲ့ကောင်လေးကိုဘဲရွေးချယ်တော့မယ်တဲ့ပြီးတော့ဆူးကျွန်မကိုပြောသေးသည်
ကိုယ့်စိတ်ကိုပြန်ဆန်းစစ်ကြည့်ပါလီလီ
ကျွန်မကဘာကိုဆန်းစစ်ကြည့်ရမှာလဲဆူးကိုချစ်လို့လီလီ
ရဲ့ခန္ဓာကိုယ်တောင်ပေးဆပ်ခဲ့ပြီးပြီလဲဆူးကိုချစ်လို့မဟုတ်ဘူးလီလီကိုချစ်တဲ့သူတွေပျောက်ကွယ်သွားမှာစိုးလို့လီလီနားမှာမရှိနေမှာစိုးလို့လီလီဒီလိုတွေလုပ်နေတာလီလီအသိစိတ်မှာဆူးရှိပေမဲ့မသိစိတ်မှာတစ်ခြားတစ်ယောက်ရှိနေတာလီလီမြင်အောင်လုပ်ပါ
ဆူး. . .
ဒီလောက်နဲ့ဘဲတော်လိုက်ရအောင်ဆူးတောင်းပန်ပါတယ်
ဆူးနဲ့ပျတ်ပြီးကတည်းကကျောင်းသွားလည်းတစ်ယောက်ထဲစာသင်ခန်းထဲမှာလည်းတစ်ယောက်ထဲထမင်းစားချိန်မှာတောင်ကိုယ့်တစ်ယောက်ထဲစားနေရတယ်နီနီကော်ဆိုရင်. . . နီနီကျွန်မကိုတော်တော်လဲစိတ်နာသွားပြီထင်ပါရဲ့ကျွန်မကိုနည်းနည်းလေးတောင်လှည့်မကြည့်တော့ဘူးအထီးကျန်တဲ့ဘဝကိုကျွန်မမကြိုက်ဘူးကျွန်မချစ်တဲ့သူတွေကျွန်မကိုထားခဲ့တာဒီတစ်ခါနဲ့ဆိုသုံးခါရှိပြီ
ဝူး. . . .
နီနီပြန်လာပြီထင်တယ်
ပြူတင်းပေါက်ကနေနီနီကိုသွားချောင်းကြည့်မိတယ်နီနီပြန်လာတယ်လီလီသဘောမကျတဲ့ဟိုကောင်နဲ့သူတို့တွေဘယ်လိုဆက်ဆံရေးလဲလီလီမသိဘူးဒါပေမဲ့ဂျီဝူးကမနက်တိုင်းလာကြိုတယ်ညနေဆိုလာပို့တယ်နေ့လယ်ဆိုနီနီနဲ့အတူနေ့လယ်စာစားပြီးစာအတူလုပ်ကြတယ်ပိတ်ရက်တွေမှာဆိုညနက်ထိလျှောက်လည်ကြတယ်ခုလည်းညနက်မှပြန်လာတာအမေနဲ့အဖေကမသိပေမဲ့လီလီမှာညအိပ်မရတဲ့ဒဏ်ခံစားနေရတော့သူဘယ်အချိန်ပြန်လာတယ်ဆိုတာကျွန်မသိနေတယ်