ဂျန်းနီအိပ်ခန်းအပြင်ကနေလီဆာဘယ်လောက်ပင်ခေါ်ပစေဂျန်းနီဂရုမစိုက်ဘဲနေသည်အခါတိုင်းလီဆာကိုအလျှော့ပေးနေကြမလားတစ်ခါတစ်လေသူ့စိတ်ကြိုက်လုပ်ချင်မိသည်အမြဲလိုလိုသူ့ကိုမရွေးတဲ့လီဆာကိုဂျန်းနီစိတ်တိုမိမှာဘဲဂျီဝူးအိမ်မှာအိပ်လို့ဆူတာကိုသူစိတ်မဆိုးဘူးလီဆာဘေးနားအမြဲနေပြီးလီဆာကိုဦးစားပေးချစ်ပေးဂရုစိုက်ပေးနေရဲ့ဂျန်းနီကအမြဲဒုတိယနေရာမှာသူရတယ်သူစိတ်ဆိုးသင့်တယ်မလား
လီလီထားလိုက်တော့. . . ခဏနေသူထွက်လာမှ
ဖြေရှင်းနီနီတစ်ခုခုဖြစ်နေတာလီလီသူ့ကိုစိတ်ဆိုးတိုင်း
နီနီတစ်ခါမှဒီလိုမလုပ်ဖူးဘူးသိတယ်ခုတော့ခဏနားဦး
ဒုန်း. . . . .
အခန်းတံခါးဆောင့်ဖွင့်ကာဂျန်းနီအပြင်ထွက်သွားဖို့လုပ်သည်တခါးရှေ့မှာရှိနေတဲ့လီဆာနဲ့ချယ်ယောင်းကိုစိုက်ကြည့်ပြီးစကားတစ်ခွန်းမဆိုရှောင်ထွက်သွားသည်
အိမ်နဲ့ရန်ဖြစ်ထားလို့လား
မဟုတ်ဘူးသွားစို့အိုပါး
နီနီ. .
မောင်းတော့
လီဆာခေါ်နေတယ်လဲဂျန်း
ထားလိုက်
ဂျန်းနီနဲ့ဂျီဝူးကားနှင့်အပြင်ထွက်သွားသည်လီလီခေါ်နေလဲဂျန်းနီဂရုမစိုက်ဘဲနေသည်
သူ့နောက်လိုက်သွားမယ်ကားသော့ကော
ကားမောင်းသင်ပြီးတာမကြာသေးပေမဲ့လီဆာအိမ်ကကားဖြင့်ဂျန်းနီနောက်လိုက်သွားသည်ယောင်းတစ်ယောက်တားချိန်တောင်မရလိုက်ဘူး
. . . . . . . . . . . .
လီဆာနဲ့တစ်ခုခုဖြစ်လို့လားမဖြစ်ဘူးဒီတိုင်း. . . ဒီတိုင်းဘဲအိမ်မှာနေရတာစိတ်ညစ်လို့အိုပါးကိုဖုန်းဆက်ခေါ်တာ
ဒါဆိုဘယ်နေရာသွားချင်လဲ
ဟန်မြစ်ဘက်လမ်းလျှောက်ချင်တယ်
သွားရအောင်
အိုပါးနဲ့လျှောက်လည်တဲ့အခါတိုင်းပျော်ရွှင်တယ်လို့ခံစားရတယ်နီနီ. . အိုပါးမချစ်မှန်းသိပေမဲ့နီနီကိုပျော်ရွှင်အောင်ထားတယ်တွဲချင်လို့တွဲတယ်ဆိုပေမဲ့တစ်ခါတစ်လဲအ်ုပါးကိုအားကိုးချင်လာတယ်