I'm Yours (မင်းရဲ့ငါ) - အပိုင်း (၁)

19.2K 937 65
                                    

Unicode

၂၀၂၁ ခုနှစ် ပေကျင်း။

ဝမ်ရိပေါ်၊ ချင်ပင်းနဲ့  နေချယ်တို့ပါဝင်တဲ့ သမိုင်းသုတေသီပညာရှင်တွေရယ်၊ လမ်းပြတွေ၊  ဝန်ထမ်းတွေ အားလုံး ရှေးဟောင်း သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ ဝမ်ဟူဒေသကို ရောက်နေကြလေသည်။

ဝမ်ဟူဒေသရဲ့ဒေသခံတွေက တောထဲမှာ အမဲလိုက်ရင်းတောတွင်းတစ်နေရာမှာ ရှေးဟောင်းမြို့လို့ ယူဆရတဲ့ အထောက်အထားတွေကို တွေ့ရှိတဲ့အကြောင်း သတင်းစာမှာပါလာပြီးတဲ့နောက် ပေကျင်းက သမိုင်းသုတေသီတွေ က လာရောက်ကြည့်ရှုစစ်ဆေးကြခြင်းဖြစ်သည်။

ခြုံနွယ်ပိတ်ပေါင်းထူထပ်နေတာတွေကို ရှင်းလိုက်‌တော့ ကျောက်တုံးတွေနဲ့ ပိတ်ဆို့ထားတဲ့ ဂူပေါက်လိုမျိုးကို တွေ့လိုက်ရသည်။

ချင်ပင်းက လှမ်းခေါ်လိုက်သည်။

"ရိပေါ် ဒီမှာ လာကြည့်ဦး."

ပတ်ဝန်းကျင်မှာ မြင်ရသမျှက နှစ်ပေါင်းမြောက်မြားစွာက တည်ရှိခဲ့တယ်လို့ ယူဆရတဲ့ ရှေးဟောင်းအမွေအနှစ်တွေချည့်မို့  ပြိုပျက်နေတဲ့ အဆောက်အဦတွေ၊ ပစ္စည်းတွေကို ရိပေါ်က ဓါတ်ပုံရိုက်တာ၊ ဗွီဒီယိုမှတ်တမ်းယူတာတွေနဲ့ အလုပ်များနေသည်။

"ရိပေါ်..."

"အေး... ခဏ.. လာမယ်။ ဒီအဆောက်အဦတည်ဆောက်ထားတဲ့ ကျောက်တွေက ထူးခြားတယ်။ အရောင်မျိုးစုံပြောင်းနေလို့ ငါ ဗွီဒီယို ရိုက်နေတာမို့ ခဏလေး.."

နေချယ်က ရိပေါ်အနားကို လျှောက်လာပြီး ရိပေါ် မှတ်တမ်းယူနေတဲ့ ကျောက်တွေကို သေချာထိတွေ့ကြည့်လိုက်သည်။

"ဟုတ်တယ်။ မောင် ပြောတာမှန်တယ်။ ကျောက်တွေက အရောင်ပြောင်းနေတယ်.."

"ဒီမှာလည်း ဂူပေါက်ကတစ်မျိုးဟ.... ဆန်းတယ်။ လာကြည့်ကြဦး."

ရိပေါ်နဲ့နေချယ်က ချင်ပင်းရှိရာကို ပြန်လှည့်လာကြသည်။

ဂူကိုပိတ်ထားတဲ့ ကျောက်တုံးတွေက သူ တွေ့ခဲ့တဲ့ ရှေးဟောင်းအဆောက်အဦက ကျောက်အမျိုးအစားနဲ့တူလေသည်။

ရိပေါ်က အနားကို တိုးကပ်ကြည့်လိုက်သည်။

"မောင် အရမ်း မကပ်နဲ့။ ဘာမှန်းမသိဘဲနဲ့.."

I'm Yours - You're my Emperor (Completed)Where stories live. Discover now