Unicode
ပြာလွင်နေတဲ့ကောင်းကင်က ရာသီဥတုသာယာကြောင်းကို ပြနေသည်။
ဒါပေမယ့် ရိပေါ်မှာတော့ သူ့ရှေ့မှာ ငိုတော့မလိုဖြစ်နေတဲ့နေချယ်ကို ကြည့်ရင်း ရင်ထဲ တင်းကြပ်လာသည်။
"မောင် ရက်စက်လိုက်တာ."
နေချယ်က ထိန်းချုပ်ထားတဲ့ကြားက မျက်ရည်တွေက စီးကျလာနေသည်။
ရိပေါ်က နေချယ်ကို စိုက်ကြည့်နေရင်း ငါ အခုဘယ်ရောက်နေတာလဲ လို့လည်း တွေးနေမိသည်။
နေချယ့်ကို သူ တစ်ခုခုပြောလိုက်ပုံရသည်။ ဒါပေမယ့် ဘာပြောခဲ့လေသလဲ သူမသိနေပြန်။ နေချယ်က ငိုနေခဲ့လေပြီ။
ဒါ အိပ်မက်တစ်ခုပဲ။ သူက အိပ်မက်ထဲမှာ အိပ်မက်မက်နေကြောင်းကို သိနေလေသည်။
ပြီးတော့ တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ သေချာနေတာကိုလည်း သူက သိနေပြန်သည်။ သူက နေချယ်ကို စကားဆိုရန် ပြင်လိုက်သည်။
"နေချယ်.."
"နိုးပြီလား ဗိုလ်ချုပ်ဝမ်."
ရိပေါ်က မျက်လုံးတွေပွင့်လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
သူက အိပ်ယာတစ်ခုပေါ်မှာ လှဲအိပ်နေတာဖြစ်ပြီး သူနဲ့မလှမ်းမကမ်းမှာတော့ ဆက်တီခုံတစ်ခုပေါ်မှာ ခြေချိပ်ထိုင်ရင်း သူ့ကို သေချာစိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကို တွေ့လိုက်ရသည်။
"စစ်ဦးစီးချုပ်.."
ရှောင်းကျန့်ကို မြင်လိုက်တဲ့အခါ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သေချာပြန်မှတ်မိလာသည်။
ရိပေါ်က ထ ထိုင်ဖို့ ကြိုးစားလိုက်သည်။ ဒါပေမယ့် သူ အခုထိ နုံးချိနေသလို ခံစားနေရလေသည်။
အားမရှိသူလိုဖြစ်နေတဲ့သူ့ကို ရှောင်းကျန့်က
"လှဲနေဦး။ ဆေးအရှိန်ပြယ်ဦးမှာမဟုတ်ဘူး."
ရိပေါ်က အားယူရင်း ကြိုးစား ထ ထိုင်လိုက်ပြီး ခုတင်ခေါင်းရင်းကို မှီထားလိုက်သည်။
ရှောင်းကျန့်က ခုံပေါ်ထိုင်နေရင်းကပဲ နေရာမရွေ့ဘဲ သူ့ဆီ လှမ်းကြည့်နေသည်။
YOU ARE READING
I'm Yours - You're my Emperor (Completed)