You're my Emperor (10) Final Part

7.6K 507 35
                                    

Unicode

ညနေစာအတူစားဖို့ ချိန်းထားပြီး ရှောင်းကရောက်မလာသေးပေ။ မှာထားတာတွေကအဆင်သင့်ဖြစ်နေပေမယ့် ရှောင်းလာမှပဲ ချပေးဖို့ပြောထားလိုက်ပြီး ရေသာ ထိုင်သောက်နေမိသည်။

ဒီနေရာ၊ ဒီအခန်းကို သူ ဒီကမ္ဘာရောက်စက ရှောင်းနဲ့အတူ ပထမဆုံးရောက်လာခဲ့ဖူးတာကို တွေးနေမိသည်။ လူလာရှာတော့ သူ့ကိုများလားဆိုပြီး အထိတ်တလန့်နဲ့ ဘယ်ပုန်းရမလဲ ဗျာများခဲ့ရသည်။ ထိုအချိန်က အကြောင်းတွေသတိရမိတော့ ပြုံးမိသွားသည်။

"ဝမ်..."

အသံကြားရုံနဲ့တင် သူ့ဘဝရဲ့ပြည့်စုံခြင်းကို ခံစားလိုက်ရသည်။ ရိပေါ်က ကျောပေးရပ်လို့ အလှမွေးငါးကန်ကို ငေးကြည့်နေရာကနေ အပြုံးနဲ့လှည့်ကြည့်လိုက်သည်။ ရှောင်းက တစ်ယောက်တည်းမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ပါ အတူပါလာတာကြောင့် အံ့ဩမိသွားသည်။

အရောင်အမျိုးမျိုးဖြတ်ပြေးနေတဲ့ မျက်ပေတုံးလေးတွေကို ကြည့်ပြီး ရှောင်းကျန့်ကပြုံးလိုက်သည်။ အနားလျှောက်သွားလိုက်ပြီး ဝမ့်ရဲ့ပုခုံးကို သိုင်းဖက်လို့

"ဝမ်.... သူက ဒုသမ္မတချောင်ပန်ဟတ်ရဲ့သမီး မစ္စချောင်ယန်လင်း။ ဝမ် ကြားဖူးမှာပါ။ Sharing and Caring မှာ volunteer အနေနဲ့ လုပ်နေတဲ့ လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်တစ်ယောက်။ မစ္စချောင်... သူက ဗိုလ်ချုပ်ဝမ်ရိပေါ်တဲ့။ ကျွန်တော့်ရဲ့ဝမ် ပေါ့ ."

ချောင်ယန်လင်းက ပါးစပ်ကို လက်ဝါးလေးနဲ့အုပ်ပြီး အံ့အားသင့်နေလေသည်။

"အို... တကယ် ဗိုလ်ချုပ်ဝမ်ရိပေါ် လား."

ရိပေါ်ကပြုံးလိုက်ပြီး

"ကျွန်တော် ဝမ်ရိပေါ် ပါ."

ချောင်ယန်လင်းက ဝမ်းသာအားရဖြင့် ကမ်းပေးလာတဲ့ ရိပေါ်ရဲ့လက်ကို လက်နှစ်ဖက်လုံးနဲ့ဆုပ်ကိုင်လိုက်လေသည်။

"ကျွန်မ ချောင်ယန်လင်းပါ။ တွေ့ရတာဝမ်းသာပါတယ်ရှင်."

ထမင်းစားပွဲမှာ သူတို့ ၃ ယောက်နေရာယူပြီးတာနဲ့ အစားအသောက်တွေရောက်လာသည်။ ရှောင်းကျန့်က ချောင်ယန်လင်းကိုကြည့်ပြီး

I'm Yours - You're my Emperor (Completed)Where stories live. Discover now