Unicode
"ဝမ်.."
သူ ပြေးသွားလိုက်ပေမယ့် ဘယ်လိုမှ မမီလိုက်ပါဘဲ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ အရိပ်လေးနဲ့အတူ အဖြူရောင်အငွေ့တွေက အုပ်ဆိုင်းသွားသည်။
ရှောင်းကျန့်က အငွေ့တွေကို လက်ဖြင့် ဖယ်ခွါနေရင်း ပိုဆိုးလာတာကြောင့် မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး မျက်နှာကို လက်တွေနဲ့ ကာထားလိုက်သည်။
မြူတွေလို အခိုးအငွေ့တွေ ပြယ်လွင့်သွားချိန်မှာတော့ ကျောက်ဂူထဲကနံရံတွေ၊ ရေပူစမ်းတွေနဲ့ ပတ်ဝန်းကျင်က ပုံမှန်ပြန်ဖြစ်သွားသည်။
"ဝမ်.."
ရှောင်းကျန့်က အသံနက်ကြီးနဲ့ အော်ခေါ်လိုက်ရင်း နံရံကို ထုရိုက်နေမိသည်။
ဘာဖြစ်သွားတာလဲ... အခြေအနေတွေကို နားမလည်နိုင်အောင် ဖြစ်နေတုန်းမှာပင်
"စစ်ဦးစီးချုပ်.."
ရှောင်းကျန့်က နောက်ကိုလှည့်ကြည့်လိုက်တော့ ဝမ်နင်နဲ့ သူ့ကိုယ်ရံတော်အဖွဲ့က လက်ရွေးစင်တိုက်ခိုက်ရေးသမားတွေကို တွေ့လိုက်ရသည်။
"ဝမ်နင်... ဒီဂူနံရံကိုဖြိုဖို့ လုပ်..အခု မြန်မြန်.."
အလောတကြီးပြောလိုက်တဲ့ ရှောင်းကျန့်စကားကြောင့် ဝမ်နင်က တအံ့တဩ ဖြစ်သွားသည်။
"ဗျာ... ဘာဖြစ်လို့လဲ စစ်ဦးစီးချုပ်."
"ဗိုလ်ချုပ်ဝမ်ပျောက်သွားလို့.."
"ဗိုလ်ချုပ်ဝမ်... ဗိုလ်ချုပ်ဝမ်က ဘယ်သူပါလဲ စစ်ဦးစီးချုပ်."
ဝမ်နင်ရဲ့အမေးစကားကြောင့် ရှောင်းကျန့်က ဒေါသတကြီး တစ်ခုခုပြောရန်ပြင်လိုက်သည်။ သူ ဘာမှမပြောလိုက်ရသေးခင်မှာပဲ ရဲဘော်တစ်ယောက်က အနားရောက်လာပြီး သူ့ကိုအရိုအသေပြုရင်း
"စစ်ဦးစီးချုပ်ကို လုပ်ကြံဖို့ကြံစည်တဲ့ ကာကွယ်ရေးဝန်ကြီးနဲ့အဖွဲ့ကို ထိန်းသိမ်းလိုက်နိုင်ပါပြီ"
ရှောင်းကျန့်က ကြောင်သွားသည်။ ဝမ်နင်က သူ့ကိုကြည့်ရင်း
"စစ်ဦးစီးချုပ် ဒဏ်ရာရသွားပါသေးလား."
YOU ARE READING
I'm Yours - You're my Emperor (Completed)