You're my Emperor (2)

6K 539 15
                                    

Unicode

"လေးစားပါတယ်ဗိုလ်ချုပ်."

"လေးစားပါတယ်."

Defense Academy Campus ထဲမှာ ခပ်မြန်မြန်လျှောက်လှမ်းနေတဲ့ ဗိုလ်ချုပ်ဝမ်ရိပေါ်ကို လမ်းတစ်လျှောက်တွေ့သမျှ ဗိုလ်လောင်းတွေက အလေးပြုနှုတ်ဆက်နေကြတာကြောင့် ရိပေါ်က ပြန်လည်အသိအမှတ်ပြုနှုတ်ဆက်လိုက်သည်။

ရိပေါ်နေတာက ဗိုလ်ချုပ်တွေကို သီးသန့်ထားတဲ့ အထပ် ၅၀ ရှိ Residence Hotel မှာ ဖြစ်ပြီး Defense Academy ဝန်းထဲမှာပဲရှိလေသည်။

သူက လက်နက်ထုတ်လုပ်မှုနဲ့စစ်နည်းဗျူဟာ (Weapons Projects and Military Tactics) ပိုင်းရဲ့ ကျွမ်းကျင်ပညာရှင် (Specialist) ဖြစ်တာကြောင့် သုတေသနဌာန (Research Centre) မှာပဲ အချိန်အတော်များများရှိတတ်သည်။

တစ်ခါတစ်လေ တောင်းဆိုမှုကြောင့် ဗိုလ်လောင်းတွေရဲ့ လေ့ကျင့်ရေးကွင်းနဲ့ စာသင်ခန်းတွေမှာ တာဝန်ယူရတတ်ပေမယ့် အဓိက ဗိုလ်ချုပ်ဝမ်ရဲ့တာဝန်ကတော့ နိုင်ငံရဲ့ကာကွယ်ရေးအတွက် လိုအပ်တဲ့ ခေတ်မီလက်နက်တွေ စဉ်ဆက်မပြတ်တီထွင်ထုတ်လုပ်နေဖို့ပဲဖြစ်သလို ဗိုလ်ချုပ်ဝမ်ကိုယ်တိုင်ကလည်း တီထွင်စမ်းသပ်မှုတွေမှာပဲ ပို အားသန်လေသည်။

အခုလည်း ရိပေါ်က 4th year က ဗိုလ်လောင်းအဖွဲ့တစ်ဖွဲ့တင်ထားတဲ့ ပြောက်ကျားတိုက်ခိုက်ရေးဗျူဟာစာတမ်းကို ဖတ်ကြည့်ရင်း သဘောကျမိတာကြောင့် လက်တွေ့အကောင်အထည်ဖော်ဖို့ သုတေသနဌာနဆီ အလျင်စလိုသွားနေခြင်းဖြစ်သည်။

သုတေသနအဆောက်အဦရဲ့ security gate အမျိုးမျိုးကို ဖြတ်သန်းပြီးနောက် ရိပေါ်က မြေအောက်ထပ်ကို ဓါတ်လှေခါးနဲ့  ဆင်းလာလိုက်သည်။

သုတေသနပညာရှင်တွေ စစ်ဗျူဟာရေးဆွဲတဲ့ ခန်းမကျယ်ထဲက စားပွဲပေါ်မှာ စစ်သားပုံစံငယ်လေးတွေဖန်တီးပြီး အလုပ်များနေသည်။ ပြောက်ကျားစနစ်က အမျိုးမျိုးရှိသည်။ သတိမထားမိအောင်လုပ်တဲ့ စစ်ဆင်ရေးဖြစ်ပေမယ့် ကျောင်းသားတွေတင်ထားတဲ့ စာတမ်းမှာ‌တော့ ထိပ်တိုက်ရင်ဆိုင်တဲ့ပြောက်ကျားစနစ် (Confrontation Guerilla) ကို အဆိုပြုထားလေသည်။

ဒါ အန္တရာယ်များပေမယ့် ပိရိသေသပ်အောင်လုပ်နိုင်ရင် တိုက်ခိုက်မှုလို့တောင် မထင်လိုက်ရဘဲ ပုံမှန် gathering လိုပုံစံမျိုးနဲ့ ရန်သူကို ချေမှုန်းနိုင်လေသည်။

I'm Yours - You're my Emperor (Completed)Where stories live. Discover now