Unicode
ရိပေါ်က မော်စကိုမြို့ရဲ့လမ်းမထက်မှာ တစ်ယောက်တည်း ဟိုဒီငေးလို့ လျှောက်နေသည်။ ရုရှစစ်ဦးစီးချုပ်ရဲ့ Bioweapon team နဲ့ ပူးပေါင်းပြီး ထုတ်လုပ်နေတဲ့ ဒုံးလက်နက်အတွက် သုတေသနဌာနမှာပဲ အလုပ်တွေများနေတာကြောင့် သူ အပြင်မထွက်ဖြစ်ခဲ့ပေ။ ဒီနေ့ကတော့ ရုရှရောက်ပြီး ၄ လအကြာမှာ ပထမဆုံးအကြိမ် မြို့ထဲဖက်ထွက်လာခြင်းဖြစ်သည်။
မော်စကိုမြို့ရဲ့ ရာသီဥတုက တစ်နေကုန် မိုးခပ်ဖွဲဖွဲကျနေပြီး လေကလည်းတစ်ချက်တစ်ချက် ဝေ့ဝဲတိုက်ခတ်နေသည်။ မိုးသက်မိုးငွေ့ကြောင့် ခပ်စိမ့်စိမ့်ဖြစ်နေရာမှ လေတစ်ချက်အဝေ့မှာ ပိုပြီး စိမ့်ခဲသွားတာကြောင့် တုန်ခနဲဖြစ်သွားသည်။ အပေါ်ဝတ် Ultra light coat ကို လည်ပင်းစေ့ပိတ်သွားသည်အထိ ဇစ်ဆွဲတင်လိုက်သည်။
ညနေ ၅ နာရီလောက်မှာ ဖွင့်တဲ့ ပန်းချီပြခန်းတစ်ခုထဲကို အတန်ကြာအောင် ဝင်ကြည့်နေမိသည်။ အမှန်တော့ သူ ပန်းချီကို အရမ်း စိတ်ဝင်စားတတ်သူတော့မဟုတ်ပေ။ ဒါပေမယ့် အဝင်ဝမှာ ပန်းချီကားတွေအကြောင်းကို short brief ရှင်းပြထားတာကိုကြည့်ရင်း ရှေးဟောင်း သမိုင်းမြို့ဟောင်းပုံပန်းချီတစ်ချို့လည်း တွေ့မိတာကြောင့် ဝင်ကြည့်ဖြစ်သွားခြင်းပင်။ သူ စွန့်ခွါခဲ့တဲ့ကမ္ဘာက သမိုင်းသုတေသီတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကပ်သွားပုံရသည် ထင်ပါရဲ့။
ပန်းချီခန်းမထဲရောက်တာနဲ့ သူ စိတ်ဝင်စားတဲ့ ပန်းချီကားချပ်တွေနား တိုက်ရိုက်လျှောက်သွားလိုက်ပြီး စူးစိုက်ကြည့်နေမိသည်။ ဝမ်ဟူဒေသမှာတူးဖော်တွေ့ရှိခဲ့တဲ့ မြို့ဟောင်းပုံပန်းချီ အပြင် နောက်ထပ် အခြားသော ကျောက်စာချပ်ပုံတွေပါ တွေ့လိုက်ရသောကြောင့် မယုံနိုင်အောင် အံ့ဩမိသွားသည်။
နောက်ထပ်တွေ့ရသည်က Magic stone ပုံပန်းချီကားဖြစ်သည်။ ပန်းချီကို သေချာစိုက်ကြည့်နေမိတော့ Magic stone ရဲ့ တစ်ဖက်တစ်ချက်မှာ မိန်းကလေးတစ်ယောက်နဲ့ ယောက်ကျားလေးတစ်ယောက် ရှိနေသည်။ ကျောပေးပြီး ထွက်ခွါသွားနေတဲ့ ကောင်လေးကို ငေးစိုက်ကြည့်ရင်း ကျန်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လေသည်။
YOU ARE READING
I'm Yours - You're my Emperor (Completed)