I'm Yours (မင်းရဲ့ငါ) - အပိုင်း (၇)

6K 678 53
                                    

Unicode

ဒိုင်း.. ဒိုင်း... ဒိုင်း...

ဗွမ်း...

ရိပေါ်က ရှောင်းကျန့်ကို အရှိန်နဲ့ တွန်းထုတ်လိုက်တာကြောင့် မှန်တံခါးက ကွဲသွားပြီး နှစ်ယောက်စလုံးအောက်က ရေကူးကန်ထဲ ကို ထိုးကျသွားတော့သည်။ 

ဘယ်ကမှန်းမသိ ပစ်ခတ်နေတဲ့ သေနတ်သံတွေလည်း ဆက်တိုက်ထွက်လာသည်။ နှစ်ယောက်သား ကူးခတ်ရင်း ကန်ဘောင်ပေါ် တက်လိုက်ကြသည်။

ဒိုင်း.. 

"အ."

"စစ်ဦးစီးချုပ်."

"ရတယ်. ငါ ဘာမှမဖြစ်ဘူး."

အပေါ်ရောက်တာနဲ့ ရှောင်းကျန့်က ရေစိုသွားတာကြောင့် ဝတ်ရတာ အဆင်မပြေဖြစ်နေတဲ့ လောင်းကုတ်ကို ဆွဲချွတ်ပစ်လိုက်သည်။ နောက်ကလည်း တောက်လျှောက် ပစ်ခတ်ရင်း လိုက်လာနေတဲ့ လူတွေကြောင့် ရှောင်းကျန့်က  ရိပေါ်ကို ဆွဲထူလို့ နှစ်ယောက်သား အမြန် ထ ပြေးလိုက်ရလေ သည်။ 

ရှောင်းကျန့်က parking မှာရပ်ထားတဲ့  ဆိုင်ကယ်တစ်စင်းပေါ်တက်လို့စက်နှိုးရင်း

"တက်."

ရိပေါ်လည်း တွေဝေမနေတော့ ဘဲ နောက်ကနေ တက်ထိုင်လိုက်သည်။ 

မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းကြောင့် ရိပေါ်မှာ ပြုတ်မကျသွားအောင် ရှောင်းကျန့်ခါးကို တင်းနေအောင်ဆွဲဖက်ထားရသည်။ သူတို့နောက်ကနေလည်း ကားတွေရော ဆိုင်ကယ်တွေနဲ့ရော လိုက်ပါလာကြပြီး တဒိုင်းဒိုင်းပစ်ခတ်နေတဲ့ ကျည်ဆံတွေက တရွှီရွှီနဲ့ နားရွက်နားကနေ ကပ်ဖြတ်သွားနေသည်။

ရေစိုနေလို့ ရှောင်းကျန့်ဝတ်ထားတဲ့ တီရှပ်အစိမ်းရောင်က အသားမှာကပ်နေသည်။ ခပ်တင်းတင်းဆွဲဖက်ထားတဲ့ ရိပေါ်ရဲ့လက်တွေက ရှောင်းကျန့်ရဲ့ မာကျစ်နေတဲ့ ဗိုက်ကြွက်သားတွေကို ထိတွေ့မိနေတာကြောင့် အန္တရာယ်ကြားရောက်နေပါတယ်ဆို ရင်ထဲမှာ ဖိုးသို့ဖတ်သပ်ဖြစ်နေလေသည်။

ဒိုင်း

ခွမ်း

ကျည်ဆံက လူတွေကိုမထိဘဲ ဆိုင်ကယ် back mirror တွေကို ထိပြီး အကုန်ကွဲထွက်သွားသည်။ 

I'm Yours - You're my Emperor (Completed)Where stories live. Discover now