You're my Emperor (9)

4.9K 431 30
                                    

Unicode

"ရှင်မရှိတော့ရင် မောင်က ဒီကမ္ဘာမှာ ဆက်နေချင်လိမ့်မယ်မထင်ဘူး."

ရှောင်းကျန့်က နေချယ့်ကို မျက်မှောင်တွေတွန့်ချိုးလို့  ကြည့်လာသည်။ နေချယ်က ဘေးခုံပေါ်တင်ထားတဲ့ လက်ပွေ့အိတ်ထဲကနေပြီး အမျိုးသမီးကိုင် အသံတိတ်ပစ္စတိုလေးကို အသာဆွဲထုတ်လိုက်သည်။

နေချယ့်ရဲ့ နဖူး၊ ဝဲဘက်နှလုံးရှိတဲ့နေရာ၊ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ လေဆာအနီရောင်အစက်ကလေးတွေက ရွေ့လျားနေလေသည်။ နေချယ်က မျက်ရည်တွေနဲ့ ပြုံးရယ်လိုက်မိသည်။ စစ်ဦးစီးချုပ်ရှောင်းကျန့်ကို သူမအလွယ်တကူသတ်လို့မရနိုင်တာ သူမသိတာပေါ့။ သူမသာ စစ်ဦးစီးချုပ်ကို လုပ်ကြံဖို့ကြိုးစားရင် ဒီနေရာကနေ အရှင်ပြန်ထွက်သွားရမှာမဟုတ်တာလည်းသိသည်။

ဟော့ဒီရှေးရိုးဆန်တဲ့ကော်ဖီဆိုင်လေးကကို စားပွဲထိုးလေးကအစ၊ ဆိုင်မန်နေဂျာအဆုံး စစ်ဦးစီချုပ်ရဲ့လူတွေချည့်ပဲမဟုတ်လား။ စားပွဲထိုးလေးကလည်း ဖန်ခွက်တွေကို သုတ်နေသလိုနဲ့ လက်သုတ်ပုဝါရဲ့အောက်မှာ သေနတ်ကထုတ်ချိန်ထားလျက်အနေအထား။

မောင့်ကို ဆုံးရှုံးလိုက်ရဖို့ သိပ်ကိုသေချာသွားတဲ့အခါ သူမလည်း ဘဝကိုအဆုံးသတ်သွားချင်ပြီ။ မောင်မရှိတဲ့ ကမ္ဘာမှာ အသက်ရှင်နေရမှာထက်စာရင် မောင်ရှိနေတဲ့ကမ္ဘာမှာ သေဆုံးသွားလိုက်ချင်သည်။ အင်း ဒီကမ္ဘာမှာပေါ့။ မောင်ရှိနေတဲ့ကမ္ဘာမှာပေါ့။

ရှောင်းကျန့်က မျက်လုံးတွေကို မှေးစင်းကြည့်ပြီး နှုတ်ခမ်းကို တွန့်ကွေးလို့ ပြုံးလိုက်သည်။

"မင်း ငါ့ကို သတ်မှာမဟုတ်သလို၊ ငါလည်း မင်းကိုမသတ်ဘူးဆိုတာ မင်းသိမှာပဲ မစ္စနေချယ်။ ပြီးတော့ ... မင်း ချစ်နေရသူက မင်းကို မချစ်တာကလွဲရင် ဘယ်ကမ္ဘာရောက်ရောက် မင်းကိုချစ်တဲ့သူတွေအများကြီးရှိတာ မင်းသိတယ်မဟုတ်လား."

စစ်ဦးစီးချုပ်ကသူမကို စိုက်ကြည့်ပြီး လှည့်ထွက်သွားလေသည်။ နေချယ်က ထိုင်ခုံမှာ ပြန်ထိုင်ရင်း မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လို့ ရှိုက်ကြီးတငင်ငိုမိသည်။ စစ်ဦးစီးချုပ်ပြောသွားတဲ့စကားတွေက နားထဲအထပ်ထပ်ကြားယောင်လာမိသည်။ ဘယ်ကမ္ဘာရောက်ရောက် သူမကိုချစ်တဲ့သူတွေအများကြီးရှိတယ်...။

I'm Yours - You're my Emperor (Completed)Where stories live. Discover now