Unicode
တီ တီ တီ
ဗိုလ်ချုပ်ဝမ်နဲ့ အဖွဲ့က Screen မှာ အနီရောင်အစက်ကလေးဆီ ရွေ့လျားသွားနေတဲ့ အပြာရောင် အစက်ကလေးကို ကြည့်ပြီး အသက်မရှူနိုင်ကြပေ။
အားလုံးရဲ့သွင်ပြင်က တည်ငြိမ်အေးဆေးနေသယောင်ထင်ရပေမယ့် အမှန်က စိတ်လှုပ်ရှားနေကြလွန်းလို့ မျက်နှာတည်ကြီးတွေ ဖြစ်နေကြတာဖြစ်သည်။
ဗိုလ်ချုပ်ဝမ်သည် လက်နှစ်ဖက်ကိုယှက်ပြီး မေးထောက်ထားရင်းက နှုတ်ခမ်းကိုတင်းတင်းစေ့လို့ အံကြိတ်ထားသည်မှာ မေးကြောတွေတောင် ထောင်နေလေသည်။
တီ တီ တီ
ရိပေါ်က နာရီကို ကြည့်ပြီး စက္ကန့်တွေကို timer နဲ့ ရေတွက်နေသည်။ ဆယ်စက္ကန့်ထက် ကျော်လွန်သွားချိန်မှာ မျက်နှာက မာထန်လာတော့သည်။
တင်းမာသွားတဲ့ ဗိုလ်ချုပ်ဝမ်မျက်နှာကို ကြည့်ပြီး Military Research team က သုတေသနအရာရှိတွေအကုန် မျက်နှာပျက်ကုန်ကြသည်။
အုန်း...
အပြာရောင်အစက်ကလေးက အနီရောင်အမှတ်အသားရှိရာဆီကို ဆယ်စက္ကန့်အကျော်မှ ရောက်သွားပြီး အုန်းခနဲ ပေါက်ကွဲသံနဲ့အတူ target area တစ်ခုလုံး အစအနရှာမရအောင် ပျောက်သွားတော့သည်။
Screen ပေါ်မှာ ရွေ့လျားကြာချိန်- ၁၂ စက္ကန့်၊ ပေါက်ကွဲမှုပြင်းအား ၁၀၀%၊ ပေါက်ကွဲရန်ကြာချိန် ၃ စက္ကန့် နဲ့ ပေါက်ကွဲမှုရလဒ် ၁၀၀% ဆိုတဲ့ data result ပေါ်လာသည်။
အားလုံးခြုံပြီး သုံးသပ်ပြထားတဲ့ အဖြေရဲ့ရလဒ်က ၉၉.၉၉၉၃၃၃% လို့ ဖော်ပြလာချိန်မှာတော့ ဗိုလ်ချုပ်ဝမ်ရဲ့မျက်နှာက ဟန်မဆာင်နိုင်အောင် ရှုံ့မဲ့သွားတော့သည်။
"Shittt.."
သုတေသနအရာရှိဗိုလ်မှူးတွေအားလုံး မျက်ကလဲဆန်ပြာဖြစ်သွားကြသည်။ ဗိုလ်ချုပ်ဝမ်က သူ့ teamer တွေရဲ့မျက်နှာတွေကို တစ်ယောက်ချင်းစီ သေချာစိုက်ကြည့်လိုက်သည်။
"ကောင်းလား.."
"မကောင်းပါဘူးဗိုလ်ချုပ်."
ဖြေလိုက်တဲ့ ဗိုလ်မှူးဖန်ကို ဗိုလ်ချုပ်ဝမ်က စူးစိုက်ကြည့်နေသည်။
YOU ARE READING
I'm Yours - You're my Emperor (Completed)